အခန်း-၃၀

3.5K 454 64
                                    

အခန်း (၃၀)

ဇွန်လ ၃ရက်မြောက်နေ့သည် ခရီးသွားဖို့ထက် လက်ထပ်ဖို့ပိုသင့်တော်သော နေ့မြတ်ဟု သတ်မှတ်ကြသည်..

လီကိုနိုးလာချိန်မှာ ရန်ကျင်းရီက ရှိမနေတော့ပါ..အလျင်စလိုလည်းမဟုတ်သလို နှေးကွေးလေးလံနေတာမျိုးလည်း မဟုတ်တဲ့ နှုန်းထားမျိုးနဲ့ လီကို မျက်နှာသစ် အဝတ်လဲပြီး ရန်ကျစ်ယောင် ရောက်လာမှာကိုစောင့်သည်...

နေတက်ချိန် ...နေ့လည်ခင်းရောက်ချိန်တွင်.. လီကို တံခါးခေါက်သံတခု ကြားလိုက်ရသည်... သူ့စာအုပ်ကို အောက်ချလိုက်ကာ အထဲဝင်လာခိုင်းလိုက်သည်...

ရန်ကျစ်ယောင်က တံခါးကို ဖွင့်ကာ ဝင်လာသည်.. သူမ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် တည်တင်းနေ၏..."ကျိလူကြီးမင်း သွားရအောင်"

လီကို ခေါင်းညိတ်ပြသည်...

ရန်ကျစ်ယောင်က နည်းနည်းလေးမှ မနှောင့်နှေးရဲပါ... ဒီအခွင့်အရေးက မိဖုရားခေါင်ကြီးတင်မြှောက်တဲ့ ကိစ္စကနေရ တာမို့.. တခါပဲရနိုင်သည့် အခွင့်အရေးဖြစ်သည်.. လီကို့ကို စောင့်ကြပ်တာတွေ ပေါ့နေမည့် တခုတည်းသောအချိန်ဖြစ်သည်... ဒါကို လွတ်သားလို့ကတော့ နောက်တခါ အခွင့်အရေးရလာနိုင်မည်မဟုတ်ပါ...

ရန်ကျစ်ယောင်က လီကို့ကို တွန်းကာ တံခါးအပြင်ကိုထွက်လိုက်ရာ နန်းတွင်းအစေခံများ အားလုံးတစ်ယောက်မှမရှိသည်ကို လီကိုတွေ့လိုက်ရသည်..

လီကို အံ့ဩသွားတာကိုမြင်တော့ ရန်ကျစ်ယောင်က ရယ်လိုက်ပြီး.. နောက်သလိုပြောသည်.. "ဘုရင့်မွေးနေ့ဆိုတော့ လက်အောက်က လူတွေ လဲ ပါဝင်ဆင်နွှဲပြီး ပျော်ကြပါးကြဖြစ်နေမှာ ပုံမှန်ပဲလေ.....ခုချိန်လောက်ဆို အစားကောင်း အသောက်ကောင်းတွေ သောက်စားနေကြလောက်ပြီ"

လီကိုခေါင်းညိတ်ပြကာ သူနားလည်ကြောင်းပြသည်..

ရန်ကျစ်ယောင်က သွားစေ့ကာ ဒေါသထွက်သော အသံဖြင့်ပြောသည်.. "အဲ့ဒီလူက လူကြီးမင်းအပေါ် တကယ်စိတ်ရင်းနဲ့ မေတ္တာရှိတယ်လို့တောင် ထင်မိခဲ့သေးတာ... ဒီလို တဖက်မှာတော့ လူကြီးမင်းကို ချုပ်ထားပြီး တဖက်မှာတော့ တခြားမိန်းမတစ်ယောက်ထပ်ရှိလိမ့်မယ် မထင်ထားဘူး"

Perfect destiny (ပြီးပြည့်စုံသော ကံတရား)Where stories live. Discover now