အခန်း-၉

6K 901 35
                                    

အခန်း-

နောက်တခေါက်ထပ်ဖမ်းပေးပါ

ရန်ချန်းခုန်း လီကို ကိုချုပ်ထားသည့်နေရာက ကျွန်းငယ်တစ်ခု ဖြစ်သည်... ကံကောင်းထောက်မစွာဖြင့် ကျွန်းက သိပ်မကြီးသောကြောင့် လီကို သိပ်ဝေးဝေးမလျှောက်လိုက်ရဘဲ ကမ်းနားတွင် ဘုတ်တစ်စီးကိုတွေ့၏...

သူထွက်မလာခင် ဘုတ်ရဲ့ သော့ ရန်ချန်းခုန်းရဲ့ ဖုန်းနှင့် ပိုက်ဆံကို ယူဖို့ မမေ့ခဲ့...

ဘုတ်ကိုတွေ့ပြီးနောက် ဖုန်းမှတဆင့် သူ့တည်နေရာကို ရှာလိုက်ရာ ကျွန်းက မြို့ နင့် သိပ်မဝေးသည်ကိုသိရသည် .. ကြည့်ရတာ ရန်ချန်းခုန်းက တမင်ရွေးထားပုံရသည်..

လီကို သိပ်တွေးမနေဘဲ အမြန်ထွက်ခွာခဲ့တော့သည်...

ဘုတ်ပေါ်မှာ system က လီကို့ကို ရန်ထုန်ထုန် အကြောင်းအသေးစိတ်ရှင်းပြ၏.. သူပြောတာက ရန်ထုန်ထုန်ရဲ့ ကံကြမ္မာက အဆိုးဘက်ကို ဦးတည်နေပြီဖြစ်ပြီး လီကို ပြည်မကို အမြန်ပြန်ရမည် ဖြစ်ကြောင်း....

လီကို ခါးသက်သက်ပြုံးလိုက်သည်.. "ပြည်မကိုပြန်ရမယ်? ငါ့မှာ ဘာဆိုဘာမှမရှိတော့ဘူး"

System "ဒါငါမင်းကို ကူညီနိုင်တဲ့ အရာမဟုတ်ဘူး"

လီကို သက်ပြင်းချလိုက်သည်.. ခဏတွေးပြီးနောက် ဖုန်းကိုထုတ်ကာ နံပတ်တစ်ခုကိုနှိပ်လိုက်သည်..

၂ချက်မြည်ပြီးနောက် တဖက်က ဖုန်းကိုင်သည်.. "hello?"

လီကိုပြန်ပြောသည်"hello?"

"....."တဖက်က ခေတ္တငြိမ်သွားသည်..

"ယွဲ့ချီ"  လီကို နာမည်ကိုခေါ်လိုက်သည်...

"သူ ဋ္ဌေးရန်? အသံက ဘယ်လို ဖြစ်တာပါလဲ" ယွဲ့ချီက မဝံ့ မရဲ မေးသည်..

"ငါပါ ရွှီဝမ်ရို"  လီကို က တိုးတိုးဖြေသည်.. "ငါမသေဘူး"

ယွဲ့ချီက လီကို တက္ကသိုလ်က သူငယ်ချင်းဖြစ်သည်.. လီကို နိုင်ငံခြားမသွားခင်အထိ အတော်လေးရင်းနှီးခဲ့သည်.. လီကို့ကြောင့်လဲ ယွဲ့ချီက ရန်ထုန်ထုန် ကို အမြင်မကြည်ခြင်းဖြစ်သည်... သိတဲ့အတိုင်း အားလုံးအမြင်မှာ သူက အချစ်ဒဏ်ကြောင့် နိုင်ငံခြားထွက်သွားသူပေကိုး...

Perfect destiny (ပြီးပြည့်စုံသော ကံတရား)Where stories live. Discover now