အခန်း-၁၄

7.7K 862 39
                                    

အခန်း-၁၄

ငါ့ဘက်မှာ ဆင်ဆာရှိတယ်

လီကိုနိုးလာချိန်မှာတော့ သူ့တကိုယ်လုံးကိုက်ခဲနေလေသည်...

သူခေါင်းတွေရှုပ်ထွေးနေချိန် ကုတင်ဘေးမှ ငိုညည်းသံကိုကြားရသည်... တစုံတယောက်က ငိုပြီးမေး၏.. "သမားတော် သမားတော်... ကျွန်တော့် လူကြီးမင်း အဆင်ပြေပမလား"

လူကြီးတစ်ယောက်အသံပေါ်လာသည်.. "ကျိ လူကြီးမင်း ရောဂါကမပြင်းထန်ပါဘူး... ဒါပေမယ့် အရမ်းအားနည်းနေတယ်.. အအေးဒဏ်က တခြားလူတွေအတွက် ဘာမှမဟုတ်လောက်ပေမယ့် ကျိလူကြီးမင်းအတွက်တော့ ဒါက ပြင်းထန်တဲ့ အခြေအနေဖြစ်နေတယ်"

ထို ကောင်လေးက ဒီစကားကြားသည်နှင့် ငိုတော့သည်... ဆူညံသံကြောင့် လီကို အားပင်ထပ်ယုတ်လာကာ ခေါင်းမူးပြီး သတိလစ်သွားတော့၏.. ဒီတခါသတိလစ်တာ ၂ရက်ခန့်ကြာသည်...

လီကို အမှောင်ထုထဲက နိုးလာချိန်မှာတော့ လူတွေက သူ့ကို နိုးမလာလောက်တော့ဘူးဟုပင် သတ်မှတ်ထားနှင့်ပြီဖြစ်သည်...

သတိလစ်နေချိန် လီကို ဒီကမ္ဘာရဲ့  တာဝန်ကို လေ့လာပြီးဖြစ်သည်...

ဒီကမ္ဘာက ရှေးခေတ်တရုတ်ပြည် ပုံစံမျိုးဖြစ်သည်... ခုချိန်မှာ နိုင်ငံကြီးလေးနိုင်ငံက အဆုံးမသတ်နိုင်သော စစ်ဖြစ်နေပြီး... မအေးချမ်းပေ.. လီကို ဝင်ထားတဲ့ ကိုယ်နာမည်က ကျိရှန်းဖြစ်ပြီး လေးနိုင်ငံလုံး မှာ နာမည်ကြီးတဲ့ စစ်ရေးအကြံပေးအရာရှိတစ်ယောက်ဖြစ်သည်..  သူ ကံကြမ္မာပြောင်းလဲပေးရမည့် မိန်းကလေး နာမည်မှာ ရန်ကျစ်ယောင် ဖြစ်ပြီး ရန် တိုင်းပြည်ရဲ့ မင်းသမီးငယ် .. ဘုရင့်ညီမဖြစ်သည်...

သူမဘ၀ခက်ခဲကြမ်းတမ်းလှသည်.. သူမအမေက အစေခံဘ၀မှာ မိဖုရားငယ်ဖြစ်သူဖြစ်သည့်အလျောက် သူမ၏ဂုဏ်ဒြပ်က နိမ့်ကျလွန်းလှကာ ဒီမင်းဆက်မှာ သူမအတွက် နေရာမရှိပေ..ရန်ဧကရာဇ်က ရည်မှန်းချက်မြင့်မားသူဖြစ်သည်... အသက်၁၄နှစ်တည်းက စစ် အုပ်ချုပ်ရေးများ စလုပ်ခဲ့ပြီး ၃၂တွင်တော့ အိမ်နီးချင်း ၂နိုင်ငံကိုသိမ်းပြီးဖြစ်သည်...

Perfect destiny (ပြီးပြည့်စုံသော ကံတရား)Where stories live. Discover now