အခန်း-၂၅

2.7K 473 0
                                    

အခန်း (၂၅)

အိမ်ပြန်ရောက်တာနဲ့ လီကို ၂နေရာကို ချက်ချင်းဆက်သွယ်လိုက်သည်..

ပထမနေရာကတော့ လျှို့ဝှက်တရားရုံးတော် ဖြစ်ပြီး ဒုတိယနေရာကတော့ စာပို့ခိုဌာန ဖြစ်သည်.. သူ ရေးထားသည့် စာတိုကို ချက်ချင်းပင် ရှေ့တန်းသို့ ပို့စေခဲ့သည်...

ထိုအချိန်မှာ အရှင်မင်းကြီး၏နာမကျန်းသည့်သတင်းက လုံးဝမပျံ့နှံ့သေးပါ.. ဒုတိယမင်းသားကလဲ မင်းကြီးကိုသာ အာရုံစိုက်နေခဲ့သည်.. ထို့ကြောင့် စာစစ်သည့် နေရာများကလဲ တင်းကြပ်မှုမရှိဘဲ လီကိုရဲ့ စာက ချောချောမွေ့မွေ့ ပင် အတားအဆီးမရှိ မြို့တော်မှ ထွက်သွားခဲ့သည်..

သို့ပေမယ့် စာပို့ခိုက အစွမ်းကုန် မြင်းတစ်ကောင်ထက်မြန်တဲ့အရှိန်နဲ့သွားနေပါစေ ရက်အနည်းငယ်ကြာမှသာ ရန်ကျင်းရီလက်ထဲကို ရောက်နိုင်လိမ့်မည်.. ဒါတောင် ရာသီဥတုအခြေအနေ ဆိုးလျှင် ပိုနှောင့်နှေးနိုင်ချေတွေက ရှိသေးသည်..

ဒီအခြေအနေမျိုးမှာ လီကို လုပ်နိုင်တာကတော့ မင်းကြီးတယောက် ရက်အနည်းငယ်ဆက်ပြီး တင်းထားနိုင်ဖို့ဆုတောင်းရုံသာ ရှိသည်..

လေပြင်းက မျှော်စဉ်ရှိရာသို့ ဖြတ်တိုက်ကာ တောင်တန်းတွေဘက်သို့ မုန်တိုင်း အစတခု သဖွယ် ဆက်လက်ဦးတည်ထွက်သွားသည်..(ကဗျာစာသားဖြစ်သည်.. စစ်ဖြစ်ခါနီး ကာလကို ဖော်ကျူးထားခြင်းဖြစ်သည်..)  ဒီရက်တွေအတွင်းမှာ တည်ငြိမ်အေးချမ်းနေပုံပေါ်နေပေမယ့် အမတ်တချို့နဲ့ အရာရှိတွေရဲ့ စိတ်ထဲမှာတော့ တခုခုဖြစ်တော့မယ်ဆိုတာ ရိပ်မိနေကြပြီဖြစ်သည်..

လီကိုနဲ့ ဆက်ဆံရေးအတော်အတန်ကောင်းတဲ့ ဝန်ကြီးတစ်ဦးက လီကို့ကို ၂ဦးတည်းလာတွေ့ပြီးမေးသည်.. "ကျိလူကြီးမင်း.. တခုခုဖြစ်တော့မယ်လို့များထင်သလား.. ကျွန်ုပ် မျက်ခွံတွေ ဒီရက်ပိုင်း အရမ်းလှုပ်နေတယ် "

လီကိုက ပြန်မေးသည်.."ဘာများဖြစ်နိုင်မှာ မို့လို့လဲ ဗျာ"

ဝန်ကြီးက အသံကို နှိမ့်ချလိုက်ကာ "အိုက်ယား.. အရှင်မင်းကြီးကို အယူခံမှာ မတွေ့တာအတော်ကြာနေပြီလေ'

Perfect destiny (ပြီးပြည့်စုံသော ကံတရား)Where stories live. Discover now