အခန်း-၎

7.7K 1K 59
                                    

"ကြောက်ရင်ကောင်းမလား?ဟင့်အင်း ဒါက ပျော်စရာ surprise တစ်ခု"

သူ့မူလဘ၀မှာတုန်းက လီကိုဟာ ယောကျာ်းတစ်ယောက်ကို ၁၃နှစ်ကြာအောင်ချစ်ခဲ့တယ်..

အထက်တန်းကျောင်းသားဘ၀ကနေ တက္ကသိုလ်အထိ... တက္ကသိုလ်ကနေ သူ့ဘ၀နောက်ဆုံးအချိန်အထိ..

ထရပ်ကားကြီးက သူ့ကိုတိုက်လိုက်တဲ့အချိန်မှာပဲ သူ့ဘ၀ကြီးက အရာရာပြောင်းလဲသွားခဲ့တယ်.. သူပြန်လည်မွေးဖွားပြီးနောက်ပိုင်းမှာ သူဘယ်အရာကိုမှလေးလေးနက်နက်ကြီး အရမ်းမခံစားတော့ဘူးလို့ ဆုံးဖြတ်ခဲ့တယ်..

ရန်ချန်းခုန်းက အ၇မ်းဆွဲဆောင်မှုပြင်းတဲ့ ယောကျားတစ်ယောက်.. သူ့ရဲ့ ခန့််ညားတဲ့ရုပ်ရည် ပြီးတော့ တည်ငြိမ်တဲ့ အရည်အချင်း ..အဲ့ဒိအရာတွေအားလုံးက မိန်းမတွေသူ့ကိုအရူးအမူးဖြစ်စေတယ် ယောကျားတွေသူ့ကိုအားကျစေတယ်...

အရာအားလုံးပြီးပြည့်စုံတယ်...သူရန်ချန်းခုန်းကိုတကယ်သဘောကျတယ်... system ရဲ့ တားဆီးမှုကြောင့်သာ မဟုတ်ရင် သူ့ဘက်ကဇာတ်လမ်းစကြည့်တာကြာပြီ...

ဒါပေမယ့် လက်တွေ့ ကံတရားကိုသူမလွန်ဆန်နိုင်ဘူး... အဲ့ဒါကြောင့် စိတ်ကို အတင်းထိန်းပြီး ရန်ထုန်ထုန်ကိစ္စကိုပဲ စိတ်နှစ်ထားခဲ့ရသည်...

သူလုံးဝမထင်ထားခဲ့တာက ကိစ္စတွေကို ဒီလိုချိုးကွေ့ပြီး လမ်းကြောင်းပြောင်းသွားမယ်လို့ပဲ...
ရွှီလော့ရာက ဘာလို့ သူ့ကိုရုတ်တရက် ဒီလိုခွဲထုတ်ခဲ့သလဲ.. ရန်ချန်းခုန်းကရောဘာလို့ သူ့ကိုတွေ့ဖို့ချိန်းသလဲ .. အရာအားလုံးဟာသူ သတိလစ်ပြီးချိန်မှာပဲရှင်းလင်းသွားခဲ့တယ်.. လက်စသတ်တော့ ရန်ချန်းခုန်းက သူ့အပေါ်ဒီလို စိတ်ထားရှိနေခဲ့တာကိုး...

ခုလိုသိလိုက်ရတဲ့အချိန်မှာ လီကို ပျော်လွန်းလို့ မျက်ရည်တောင်ကျမိသည်..

လီကို "system!!system!!!ဒီတခါတော့ငါ့ကို အပြစ်မတင်နဲ့နော်"

System "..."

လီကိုကဆက်ပြောသည်.. "သူ့ဘက်ကစလုပ်တာ ငါ့ဆန္ဒမပါဘူးနော်"

System "..." (ကျေးဇူးရှင်ရေ အနည်းဆုံးတော့ ငါ့ဆန္ဒမပါဘူးလို့ ပြောတဲ့အချိန်မှာ အိနြေ္ဒလေးတော့ ရှိဦးလေ)

Perfect destiny (ပြီးပြည့်စုံသော ကံတရား)Where stories live. Discover now