အခန်း-၁၁

5.9K 904 74
                                    

အခန်း-၁၁

အမှိုက်လို host

မှတ်ချက်- host ဆိုတာ လက်ခံကောင်ကိုပြောတာပါ... system က လီကိုကို host လို့ သတ်မှတ်ပါတယ်.. ရှင်းရှင်းပြောရရင်တော့ သူ့ host ကို သောက်မြင်ကတ်လို့ ဆဲတာပါ.. heehee

System ရဲ့ စောင့်ကြည့် ညွှန်ကြားမှု အောက်မှာတော့ လီကို ဟာ ရန်ချန်းခုန်းဆီပြန်ဖို့ဆိုတာ အတော်ကို မဖြစ်နိုင်လှပါဘူး...

တဖက်မှာကတော့ ရန်ချန်းခုန်းက လီကို ထက်ပင် စိတ်လှုပ်ရှားပြီး ဆုံချင်နေသေးသည်... သူလုပ်သမျှလုပ်ရပ်တိုင်းကလဲ လီကိုဘက်က သူ့ ဆီ လိမ်လိမ်မာမာနဲ့ ပြန်လာစေချင်သောကြောင့်ဖြစ်သည်...

ယွဲ့ချီကို အဆက်အသွယ်ဖြတ်ခဲ့ပြီးနောက် ပထမဆုံး အနေနဲ့ လီကို အလုပ်ရှာသည်.. ရန်ထုန်ထုန်နဲ့ အရမ်းဝေးတဲ့ အရပ်ကိုလဲ သွားလို့မဖြစ်၍ နီးနီးနားနား မှာရှာရသည်... မှတ်ပုံတင်ကလွဲရင် ဘာအရည်အချင်း ပြ မှတ်တမ်းမှ မရှိသည့်အတွက် စတိုးဆိုင် စူပါမားကတ်နဲ့ စားပွဲထိုးအလုပ်လောက်သာ လျှောက်လို့ရသည်..

ဒါပေမယ့် သူအလုပ်ရပြီး ၃ရက်လောက်ဆို ထိုအလုပ်က ထွက်ရသည်ချည်းပင်ဖြစ်သည်... သူ့ကို ပြသနာတိုက်ရိုက် ရှာရင်ရှာ မရှာရင် သူ့ အလုပ်ရှင်ကို ပြသနာရှာတာခံရသည်..

တခါ၂ခါလဲ မဟုတ်တော့သည့်နောက်တော့ လီကို ရှင်သန်ရတာ အလွန်ပင်ပန်းလှသည်...

"သူဌေး  ရွှီ သခင်လေး တည်းခိုခန်းကနေ check out လုပ်သွားပြီ.. ကြည့်ရတာ ဒီနေ့တော့ ပန်းခြံထဲမှာအိပ်မယ်.. ထင်ပါတယ်"  သတင်းပေးတဲ့ လူက ရန်ချန်းခုန်းရဲ့ မျက်နှာရိပ်မျက်နှာကဲကို ကြည့်ကာ ဖြည်းဖြည်းချင်းပြောသည်... " ဟို....ကျွန်တော်တို့ သူ့ကိုတခုခုအကူအညီပေးရမလား"

ရန်ချန်းခုန်းက ခေါင်းငုံ့ကာ လက်ထဲက စာရွက်စာတမ်းများကိုသာ ကြည့်နေသည်... မျက်နှာက ပြောင်းလဲမှုမရှိ.. "လွှတ်ထားလိုက်"

ထိုလက်အောက်ငယ်သားက စိတ်မကောင်းဖြစ်သွားပြီး ခပ်တိုးတိုးထပ်ပြောသည်.. "ဒါပေမယ့် သူဌေး... ပန်းခြံထဲမှာ ညဘက်ဆိုရင်..."

Perfect destiny (ပြီးပြည့်စုံသော ကံတရား)Where stories live. Discover now