အခန်း-၂၆

3.3K 511 11
                                    

အခန်း (၂၆)

"ငါသိပါတယ်.. သူကငါ့ကို အစထဲက မချစ်ပါဘူး.. ငါသူ့ကို သုံးနှစ်တိတိစောင့်ခဲ့တယ်.. သုံးနှစ်လုံးလုံးပဲ.. ငါ့ဘ၀ရဲ့ သုံးနှစ်လုံးကို အလကား ဖြစ်ခံလိုက်တာပဲ" သူက ညီးတွားသည်.. "ဒါပေမယ့်သူကကော.. သူပြန်လာချိန်မှာ စကားတခွန်းပြောဖို့ မပြောနဲ့ အကြည့်လေးတချက်တောင် ပေးသနားခဲ့သလား.. ပြော... ဒီအခြေအနေကို ငါဘလို သည်းခံရမလဲ... ငါဘလိုသည်းခံရမလဲ"

System "စကားကို လူလိုပြော"

လီကို "ငါကွာ... တချီလောက် ချချင်သေးတာ "

System "......"

လီကို "ငါအရမ်းပိန်သွားလို့လို့တော့မပြောနဲ့.. သူက ဒီလိုပိန်ရင် မကြိုက်တော့တာများလား"

System "ငါ့ကို စကားလာမပြောနဲ့"

လီကို " ပြောမှာပဲ ပြောမှာပဲ"

System "....."

လီကို "System မင်းငါ့ကို အဖတ်မလုပ်တော့ဘူး.. မင်းငါ့ကို မချစ်တော့ဘူး"

System "တခါမှ မချစ်ဖူးဘူး"

System က ထိုသို့ပြောလိုက်သည်နှင့် လီကိုက ပြဇာတ်ကသလို ဟန်လုပ်သည်.. သူက သူ့ရင်ဘတ်ကိုဖိလိုက်ကာ နာကျင်သွားဟန်ပြုသည် ထို့နောက် မျက်ရည်တစကို မရရအောင် ကျရင်း တုန်ယီသောအသံဖြင့် ပြောလိုက်သည်.. "မင်းငါ့ကို ဘာလို့ မချစ်တော့တာလဲ"

ဖြစ်ချင်တော့ သူ့ကို ဆေးလာပို့သည့် လဲ့ချီက ထိုမြင်ကွင်းကို မြင်သွားလေသည်..

လီကိုက အမြန်လက်ကိုပြန်ချကာ သေချင်ယောင်ဆောင်လိုက်သည်.. (AN ကုတင်ပေါ်လှဲချလိုက်တာကို ပြောတာထင်တယ်) ဒါပေမယ့် နောက်ကျသွားပြီ ... တဖက်က မြင်သွားပြီးပြီဖြစ်သည်..

"လူ...လူကြီးမင်း" လီကိုရဲ့ ပုံစံကိုမြင်ကာ အံ့အားသင့် သွားသည့် လဲ့ချီက ထစ်ထစ်ငေါ့ငေါ့ဖြင့်ပြောသည်.. "ဆေး ရောက်ပါပြီ"

လီကိုက အင်းတလုံးအသံပြန်ပြုပြီးဆက်၍ သေချင်ယောင်ဆောင်နေလိုက်သည်..

လဲ့ချီက ဆေးကို စားပွဲပေါ်တင်ပြီးနောက် တခုခုပြောတော့မည့်ဟန်ပြုသည်.. ဒါပေမယ့် လီကိုက လက်ကိုရမ်းလိုက်ကာ ထွက်သွားဖို့ အချက်ပြလိုက်သည်..

Perfect destiny (ပြီးပြည့်စုံသော ကံတရား)Where stories live. Discover now