အခန်း-၅

7.6K 985 59
                                    



ကြောက်ဖို့ကောင်းပြီး စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ အိမ်ငယ်လေး

အရာအားလုံးပြီးသွားချိန်မှာတော့ လီကိုဟာ အဖြူရောင်မျက်နှာကျက်ကြီးကိုကြည့်ပြီး သက်ပြင်းရှည်ကြီး ချလိုက်မိသည်..

လီကိုဝမ်းနည်းနေသည် အထင်နှင့် ရန်ချန်းခုန်းက ခေါင်းငုံ့ကာသူ့ပါးကိုနမ်းလိုက်၏...

ရန်ချန်းခုန်းထက် လီကို အကြောင်းကိုနားလည်တဲ့ system ကမေးလိုက်သည်.. "ဘယ်လိုနေလဲ"

လီကိုကပြန်ဖြေသည်.. "ရေလည်မိုက်"

System​"......"

System ကတိတ်သွားရာ လီကို အပြစ်ရှိသလိုခံစားရသည်.. "မင်းအကုန် မြင်လိုက်တယ်လို့တော့ မပြောနဲ့နော်"

"ကိုယ်ရေးကိုယ်တာကာကွယ်တဲ့ programရှိတယ်"

လီကို ချောင်းတချက်ဟန့်လိုက်သည်.. "ရန်ထုန်ထုန် ကိစ္စက..."

"အော် မင်း ရန်ထုန်ထုန်ကို မှတ်မိသေးသားနော်"

လီကို " ဟား ဟား.. "

ခဏအကြာမှာ system ကပြောသည်.."ရန်ထုန်ထုန် ဘက်က ဘာမှမဖြစ်ဘူး"

ရန်ထုန်ထုန်ဘာမှမဖြစ်ဘူးဆိုတာသိရတော့ လီကို သက်ပြင်းချလိုက်ကာ နွမ်းနယ်စွာပင် အိပ်စက်သွား၏..

နောက်တစ်ရက်ကလဲ သာယာတဲ့နေ့လေးတစ်ရက်ဖြစ်ကာ နေ့လည်၃နာရီမှ လီကို နိုးသည်..နိုးလာတော့ ရန်ချန်းခုန်းကိုမတွေ့ပါ..အဲ့တာနဲ့ပဲ သူ ဖင်ပြောင်နှင့် မနက်စာစား၏..ဖင်ပြောင်နှင့်ပင် တီဗီကြည့်၏.. ခြေကျင်းဝတ်မှာ သံကြိုးမရှိပါက ထိုဖင်တုံးလုံးနှင့်ပင် ကမ်းခြေဆင်းလမ်းလျှောက်မှာဖြစ်သည်.. အရှက်နည်းနည်းမှရှိမည်မဟုတ်..

စားပွဲပေါ်မှ စားစရာများက အကုန် အစာကြေလွယ်သည်များဖြစ်ပြီး သူ့ဘက်တွေးပေးတဲ့ ရန်ချန်းခုန်းဟာ လိမ်းဆေးတချို့ကိုလဲ ပြင်ဆင်ထားပေးသည်.. လီကို လိမ်းဆေးကိုယူလိုက်သည်.. ထို့နောက်တွင်တော့ မလိမ်းဘဲ ပြန်ထားလိုက်၏..

Perfect destiny (ပြီးပြည့်စုံသော ကံတရား)Where stories live. Discover now