အခန်း-၇

6.7K 882 34
                                    

အခန်း-

မြင်တာနဲ့ ရင်ခုန်တာ ဘယ်လိုလုပ်ရမလဲ

လီကို က ပေါင် ၁၆၀ ကျော်တယ်ဆိုပေမယ့် အရင်ကထက် ပိန်သွားတာကတော့ ငြင်းလို့မရတဲ့ အချက်တစ်ချက် ပါပဲ....

လီကိုရော ရန်ချန်းခုန်းရော ဘာပြောရမှန်းမသိဖြစ်နေကြသည်.. လီကို စိတ်ထဲ အနေရခက်သွား၏.. သူလဲ လေးချင်လို့မှမဟုတ်တာ.. သူ့ဘာသူလေးနေတာလေ..အဲ့တော့ သူ့ကိုသဘောမကျတော့ဘူးလား..

ရန်ချန်းခုန်းကပြောသည်.. "စားရတာ အဆင်မပြေလို့လား... ဘာမှသိပ်မစားဘူး"

လီကိုကဖြေသည်.. "အရမ်းပူလို့ နေသားမကျဘူး"

"အချိန်တစ်ခုပြီးရင် အကို အခြားတနေရာ ရှာပေးမယ်"

လီကို အင်းဟုပြန်ပြောလိုက်သည်.. သူရန်ထုန်ထုန်အကြောင်းမေးချင်ပေမယ့် သူမေးတဲ့ အခေါက်တိုင်း ရန်ချန်းခုန်းက ပေါက်ကွဲတတ်လို့ စိတ်ထိန်းကာ ပြန်မြိုချလိုက်သည်..

ဒါ့အပြင် system ကလဲ သူ့ကို အဖတ်မလုပ်တာအတော်ကြာနေပြီဖြစ်သည်.. သူ့ကိုနားလည်သွားလို့ပဲလား.. သူ့ကို ဘေးမဲ့ပေးလိုက်တာပဲလားတော့သူလဲမသိ...

ပေါင်ချိန်ပြီးနောက် ၂ယောက်အတူရေချိုးကြသည်.. ရေချိုးပေမယ့် သန့်ရှင်း မသွားဘဲ ပို ညစ်ပေသွားကြသည်.. သဘောပေါက်ကြမယ်ထင်ပါတယ်....လီကိုကတော့ အနည်းငယ်ငြင်းဆန်ရတာပေါ့ မတော်လို့ system က စည်းကမ်းမလိုက်နာဘူးဆိုပြီး ဒီကမ္ဘာက ဆွဲထုတ်လိုက်ရင် ပြဿနာ...

ရန်ချန်းခုန်းက တွန့်ဆုတ်နေတဲ့ လီကိုရဲ့ ပုံလေးကိုတကယ်သဘောကျတယ်.. ရှက်နေတဲ့ မျက်နှာလေးက သူ့ နှလုံးသားကို နူးညံ့စေသည်..

လီကိုကတော့ နူးညံ့တဲ့ အထိအတွေ့အောက်မှာရစ်မူးလျက် သူ့ရဲ့ မျက်နှာကို လက်နဲ့ကွယ်ထားကာ သူ့နားထဲတွင်တော့ ရန်ချန်းခုန်းရဲ့ အသက်ရှုသံပြင်းပြင်းကိုသာကြားနေရသည်...

ရန်ချန်းခုန်းကပြောသည်.. "ရွှီဝမ်ရို.. အကို မင်းကိုကြိုက်တယ်"

ကျွန်တော်လဲ အတူတူပါပဲလို့ သူပြန်ရေရွတ်ချင်ပေမယ့်.. လီကို ပြန်မပြောမိအောင် ထိန်းထားသည်..

Perfect destiny (ပြီးပြည့်စုံသော ကံတရား)Where stories live. Discover now