အခန်း-၂၉

2.9K 439 46
                                    

အခန်း (၂၉)

သမားတော် ပြန်သွားပြီးနောက် လီကို အနည်းငယ်ပင်ပန်းနေသည်.. မနေ့ညကလဲ ကောင်းကောင်းမအိပ်ခဲ့ရဘူး မနက်ကျတော့လဲ ဗီဒိုထဲက ရန်ကျစ်ယောင်ကြောင့် စိတ်တွေ လှုပ်ရှားနွမ်းလျခဲ့ရသည်.. ခုတော့ သူ နှစ်နှစ်ခြိုက်ခြိုက်ပင် အိပ်ပစ်လိုက်ချင်သည်..

လီကို အိပ်ချင်နေတာကိုမြင်တော့ ရန်ကျင်းရီကလဲ အနှောင့်အယှက်မပေးပါ. သူ့စိတ်ကိုအေးချမ်းအောင် ဆေး တိုက်ပေးပြီးနောက် လီကို အိပ်တာကို ဘေးမှာ ငြိမ်ငြိမ်ထိုင်ကြည့်ပေးသည်..

သူ့ကို မသိတဲ့လူတစ်ယောက်က သာ ဒီလိုအိပ်နေတာကိုမြင်ရင် လီကို အေးချမ်းစွာ အနားယူအိပ်စက်နေတာဟု ထင်နိုင်သည်..ရန်ကျင်းရီကတော့ ဒီလိုမဟုတ်ပါ သူလီကို့ကို နားလည်သည်.. လီကို့ မျက်ဝန်းအောက်နားက ညိုနေသော အသားရောင်ကိုကြည့်ပြီးနောက် သူ့စိတ်တွေမချမ်းမမြေ့ ဖြစ်ရသည်.. သူ လီကို့နှုတ်ခမ်းတစုံကို ခပ်ဖွဖွနမ်းပြီးနောက် စောင်ကိုသေချာခြုံပေးကာ အခန်းအပြင်ထွက်ခဲ့သည်..

မနေ့က မင်္ဂလာပွဲများကျင်းပသည့်နေ့ဖြစ်သည့်အလျောက် မြို့တော်ထဲတွင် ပွဲတော်လို ပျော်ရွှင် မြူးတူး နေကြသံများနှင့် ဗျောက်အိုးသံများက ဆူညံနေလေသည်.. ထို့ကြောင့် ထူးဆန်းသည့် မင်္ဂလာပွဲတခုကို ဘယ်သူမှ မရိပ်မိလိုက်ကြချေ..

သတို့သားက မျက်နှာဖုံးတခု တပ်ဆင်ထားပြီး..သတို့သမီးကတော့ အောက်ပိုင်းသေနေလေသည်.. ဘယ်မိသားစုဝင်မှမရှိသလို... ဘယ်ဧည့်သည်မှလဲ မတက်ရောက်ပေ...

ဒီနေ့တော့ ထိုသတို့သမီးက အိပ်ယာပေါ်တွင်  လဲနေပြီး.. သတို့သားဆိုသူကတော့ ညီလာခံကို ပြန်ရသည်..

ရန်ကျင်းရီဟာ ရည်မှန်းချက်မြင့်မားပြီး ထက်မြတ်သူတစ်ဦးဖြစ်သည်..နန်းတက်ခါစ ငယ်ရွယ်တဲ့ ဘုရင် သစ်တပါးအနေနဲ့ သူဟာ အမြဲကြိုးစားပြီး မတည်ငြိမ်သေးတဲ့ အာဏာကို တည်မြဲဖို့ အစွမ်းကုန် အားစိုက်တယ်..

ကျိရှန်းကိစ္စကတော့ သူစိတ်ရောကိုယ်ရော သူဘယ်လိုမှ ထိန်းချုပ်လို့ မရနိုင်တဲ့အရာတစ်ခုဖြစ်သည်.. ဒါကြောင့် သူဒီလို လက်ထပ်လိုက်ခြင်းဖြစ်၏... ဒီသတင်းသာပျံ့သွားခဲ့ရင် သူ့ဘ၀ကိုထိုခိုက်နိုင်တယ်ဆိုရင်တောင်မှ သူကတော့ လက်မလျှော့ပဲ ဇွတ်တရွတ်ဆန်ခဲ့မိသည်ပင်..

Perfect destiny (ပြီးပြည့်စုံသော ကံတရား)Where stories live. Discover now