အခန်း-၂၄

2.9K 489 6
                                    

အခန်း (၂၄)

အဲဒီနောက်နေ့ဆိုတဲ့အတိုင်း တကယ်ကို နောက်နေ့ရောက်တဲ့အထိ ကြာခဲ့သည်..

လီကို နောက်နေ့ နိုးလာချိန်မှာတော့ နေပင်အတော်မြင့်နေပြီဖြစ်သည်.. အိပ်ယာထဲမှာ လှဲနေရင်း မျက်စိကိုဖွင့်ကြည့်လိုက်တော့ သူ့ဘေးမှာ အိပ်နေတဲ့ ရန်ကျင်းရီကို တွေ့ရသည်..

၁၇ နှစ်သားရန်ကျင်းရီက လုံးဝရင့်ကျက်တဲ့ ရုပ်သွင်မျိုးမဟုတ်ပေမယ့်.. ထင်းနေတဲ့ နှာတဲ့.. ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်း... မျက်တောင်ရှည်.. စသည်ဖြင့် အတော်ကြည့်လို့ကောင်းလှသည်..လီကို စိတ်ကိုမထိန်းနိုင်ဘဲ ထိုမျက်တောင်ရှည်များကို လှမ်းထိလိုက်သည်...

သိုင်းတတ်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် ရန်ကျင်းရီက ပတ်ဝန်းကျင်ရဲ့ လှုပ်ရှားမှုကို ချက်ချင်းသိသည်.. ထိလိုက်သည်နှင့် တပြိုင်နက် သူက မျက်လုံးဖွင့်ကြည့်သည်... မျက်ဝန်းများက အိပ်မှုံစော်မွှားနဲ့ အနည်းငယ်ရီဝေ နေ၏.. ရန်ကျင်းရီက သူ့နားကပ် လိုက်ကာ သူ့နဖူးကိုနမ်းလိုက်သည်.. "မင်္ဂလာနံနက်ခင်းပါ"

ရန်ကျင်းရီရဲ့ အမူအယာကြောင့် လီကို ခဏခန့် ကြောင်သွားကာ ရှေ့ဘ၀က ရန်ချင်းခုန်းကို ရုတ်တရတ်သတိရသွားသည်..

ရန်ကျင်းရီရဲ့ မျက်ဝန်းထဲက ရီဝေမှုတွေက ပျောက်သွားသည်.. သူက ဘေးတစောင်းလှည့်လိုက်ကာ မေးကိုလက်ထောက်ရင်း လီကို့ကို ကြည့်သည်.. "ကျိလူကြီးမင်း.. အိပ်လို့ ပျော်ရဲ့လား"

လီကို ပြန်မဖြေပါ..

ရန်ကျင်းရီက ပြုံးသည်. လီကို့ဘက်က တိတ်ဆိတ်နေတာကို အရေးလုပ်ဟန်မပေါ်ပါ.. "ကျိလူကြီးမင်း.. ကျုပ် သွားရဦးမယ်..  နန်းတော်ထဲမှာ ခဗျားတစ်ယောက်တည်းကျန်ခဲ့မှာမို့ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့တော့ မမေ့နဲ့ဦး"

လီကို ကပြောသည်.."ရှေ့တန်းသွားရမှာလား?"

ရန်ကျင်းရီက ခေါင်းညိတ်သည်.. "ခမည်းတော်က စစ်မိန့်ချပြီးပြီ"

လီကို သက်ပြင်းခပ်ဖျော့ဖျော့ ချလိုက်သည်.. သူ့ရင်ထဲမှာ မခွဲနိုင်တဲ့ ခံစားချက်လိုမျိုးဖြစ်မိ၏.. ရန်ကျင်းရီ သွားလို့ ရှိရင် သူ့မှာ  အိပ်ဖော်အိပ်ဖက် ဘယ်ရှိတော့မလဲ..

Perfect destiny (ပြီးပြည့်စုံသော ကံတရား)Where stories live. Discover now