ทστєвσσк

408 58 11
                                    

[For Unicode]

ဟျွန်းဂျင်

ဒီနေ့ ကျွန်တော်တို့ရဲ့cb performance ကို MBC music core မှာသွားဖျော်ဖြေခဲ့သည်။ မင်ဟိုက MC လုပ်ဖို့ အချိန်ကျန်သေးတဲ့အတွက် ဖျော်ဖြေပြီးတော့ မင်ဟိုကို နှုတ်ဆက်ပြီး ၇ ယောက်သား အိမ်ပြန်ခဲ့ကြသည်။ မပြန်ခင် မင်ဟိုပြောလိုက်တာက

"မင်းတို့တွေ အခန်းထဲမှာ လျှောက်မဖွထားနဲ့နော် ခြင်တွေကြောင့် ငါညဘက် မအိပ်ရဘူး"

ဆွန်းမင်းဘက်ကိုကြည့်ပြီး ပြောခြင်းဖြစ်သည်။ဘာလို့ဆို ကျွန်တော်တို့သုံးယောက်က အခန်းဖော်တွေ။ ပြောလည်း ပြောချင်စရာ ကျွန်တော်တို့နှစ်ယောက်ကဖွလိုက် မင်ဟိုက ‌ပြန်ရှင်းလိုက်နဲ့ ကြာလာတော့ သူလည်း သည်းမခံနိုင်တော့တာကြောင့်ဖြစ်မည်။ ပိုဆိုးတာက ကျွန်တော်တို့ အခန်းမှာ ပစ္စည်းများတော့ ပုန်းနေတဲ့ ခြင်တွေကလည်း များသည်။ ညညဆို ခြင်တွေကြောင့် တော်တော်နဲ့ အိပ်မပျော်။ ကျွန်တော့်ကို ကြည့်ပြီး မပြောပေမယ့် မင်ဟိုရဲ့ အကြည့်ကို ကျွန်တော်နားလည်သည်။ ဘာတွေ စိတ်ဆိုးနေပြန်ပြီလဲ မသိ။ ကျွန်တော့်ကိုရှောင်နေတာ ဒီနေ့နဲ့ဆို ၂ ရက်ရှိပြီဖြစ်သည်။ မင်ဟိုမှာ ဒီ comeback အတွင်း schedule တွေ အပြည့်။ ညညဆို ညနက်မှ အိမ်ပြန်ရောက်လာတာ၊ သူ့ခမျာ ရေတောင်မချိုးနိုင်။ မနက်ဆိုရင်လည်း ထပြီး ကျွန်တော်တို့ ၈ယောက် လုံးစာ အတွက် မနက်စာပြင်ပေးသေးသည်။ သူပင်ပန်းလို့ မထနိုင်တဲ့အချိန်ဆိုရင်တော့ ပေါင်မုန့်နွားနို့နဲ့ပဲ နှစ်ပါးသွားရသည်။ ကျွန်တော်က မင်ဟိုချက်ကျွေးတာမှန်သမျှ အကုန်စားသည်။ မစားတဲ့ အပ်မှိုဟင်းတောင် မင်ဟိုက ချက်ကျွေးရင် စားသည်။

အတွေးတွေကို ရပ်ကာ အိတ်ကပ်ထဲမှ lollipop ကို စုပ်လိုက်ပြီး ကျွန်တော်အပြင်ဘက်ကို ငေးကြည့်လိုက်သည်။ ရာသီဥတုက ညီးငွေ့ငွေ့၊  ကောင်းကင်ကြီးက အုံ့မှိုင်းမှိုင်းနဲ့ အသက်မဲ့နေသည်။ လူတွေလည်း လမ်းပေါ်မှာမရှိ၊ ဒီနေ့ စနေနေ့ပါ တနင်္လာနေ့လည်း မဟုတ်၊ ဘာလို့လူတွေ သိပ်မတွေ့တာလဲလို့ ဘေးနားမှာ ထိုင်နေတဲ့ ဆွန်းမင်းကို မေးလိုက်မိသည်။

"ငါကဘယ်လိုလုပ်သိမလဲ ရာသီဥတုကြောင့် မထွက်ကြတာဖြစ်မှာပေါ့"

τнє ωσrℓ∂ нє givєs мєWhere stories live. Discover now