mɑd

124 41 19
                                    

[For Unicode]

“ဘာလို့ ကျွန်တော့်ကို လိမ်ထားကြတာလဲ?!”

“ဟွန်းဂျင် စိတ်အေးအေးထား ဘာတွေဖြစ်လာတာလဲ?”

ဝုန်းဒိုင်းကြဲကာ အခန်းထဲဝင်လာတဲ့ ကျွန်တော့်ကို မြင်တော့ ဘန်ချန်း စိတ်ပူသွားသည်။ ဂျောင်အင်ကတော့ ကျွန်တော့်အနောက်မှာ ရပ်ကာ ပုန်းနေလေသည်။

“ဘယ်လိုလုပ်ပြီး စိတ်အေးနိုင်မှာလဲ ကျွန်တော့်ကို အရူးလုပ်ထားတာ ကောင်းလား ဟင် ပြောပါဦး”

“မင်း သိသွားပြီလား..” ကျွန်တော်နဲ့ ဘန်ချန်းရဲ့အခန်းထဲဝင်လာတဲ့ ချန်းဘင်က ပြောလိုက်ခြင်းပင်။

“သိတာမှ သေချာကို သိသွားပြီ ဘယ်လိုစိတ်နဲ့များ ကျွန်တော့်ကို လိမ်နိုင်ရက်တာလဲ ကျွန်တော် ခံစားနေရတာကို တကယ်ပဲ မသိတာလား ဟင် တကယ်ပဲ မသိကြတာလား?!”

“အခုချိန် ငါတို့ပြောနိုင်တာက တောင်းပန်တယ် ဆိုတဲ့စကားပဲ ဟျွန်းဂျင် တကယ် တောင်းပန်ပါတယ် ငါတို့လည်း မတတ်နိုင်တော့လို့ လုပ်လိုက်ရတာပါ”

“ဘာကိုလဲ ပြောပြပါဦး ရှင်းပြကြပါဦး ဘာကို မတတ်သာလို့လဲ ဟင်?”

“အစ်ကိုတို့ တကယ်စိတ်ရင်းနဲ့ တောင်းပန်နေတာပါကွာ အစ်ကိုတို့တွေ အမြဲတမ်းအတူတူရှိနေ‌နိုင်ဖို့အတွက် ပိုကောင်းတဲ့လမ်းကို ရွေးချယ်လိုက်ရတာပါ နောက်ပြီး မင်းခံစားချက်ကိုလည်း အစ်ကိုတို့ နားလည်တယ် မင်း မင်ဟိုကို ချစ်တာလည်း အစ်ကိုတို့ သိတယ် ဒါပေမယ့် သည်းခံရင်းနဲ့ ခဏလောက်တော့ ထပ်သည်းခံပေးပါကွာ ဒါက အစ်ကို တောင်းဆိုနေတာပါ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အမိန့်ပေးနေတာ မဟုတ်ပါဘူး”

“ခဏလောက် ထပ်သည်းခံရမယ် ဟုတ်လား ဘာတွေရောချနေတာလဲ ကျွန်တော် အခုမေးနေတာ ဘာကြောင့်လဲဆိုတာ မေးနေတာ အစ်ကိုတို့ ဘာဖြစ်လို့ ကင်မ်ဆွန်းမင်းဘက်ကနေ ကာကွယ်ပေးနေတာလဲဆိုတာ သိချင်တာ!” အသံက ပုံမှန်လိုမဟုတ်တော့၊

ကျွန်တော့် ဒဏ်ရာတွေ

ကျွန်တော့် နာကျင်မှုတွေကို

တကယ် ဘယ်သူမှ နားမလည်ပေးနိုင်ဘူး

သူတို့ရဲ့ ဟန်ဆောင်စကားတွေကို ကြားရတာ အော်ဂလီဆန်လာပြီ

τнє ωσrℓ∂ нє givєs мєWhere stories live. Discover now