disɑble

131 41 17
                                    

[For Unicode]

ဟျွန်းဂျင် အကိုသွားတော့မယ်

နောက်ဘဆိုတာရှိခဲ့ရင် အကိုတို့ ထပ်ဆုံတွေ့ကြမယ် နောက်ပြီး အပူအပင်ကင်းတဲ့ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားကြမယ်နော်

ချစ်တယ် ဟွမ်ဟျွန်းဂျင်

သွားပါနဲ့ အကို.. ကျွန်တော့်ကို ထပ်ပြီး ထားသွားပါနဲ့

မင်ဟို...!!!

မျက်ရည်တွေနဲ့အတူ မင်ဟိုက ထွက်သွားပြီဆိုတဲ့ အသိကြောင့် လန့်နိုးလာခဲ့သည်။ ဒါပေမယ့် လှုပ်လို့မရ။ လက်နဲ့ ခြေထောက်နှစ်ဖက်စလုံးကို ကြိုးနဲ့ ချည်ထားခံရသည်။ ဘေးဘီဝဲယာကို ကြည့်ပြန်တော့ ဘယ်သူမှမရှိ။ တစ်ယောက်ယောက်ကို အော်ခေါ်ပြီး အကူအညီတောင်းပြန်ဖို့ကျတော့ လည်း ပါးစပ်ကို အဝတ်နဲ့ ပိတ်ထားပြန်သည်။

အဲ့ဒါထက် အခု ဘယ်အချိန်ရောက်နေပြီလဲ?

အကို...အကိုမင်ဟိုနဲ့ ဒီနေရာက ထွက်သွားမှာလေ

ကျွန်တော် ချစ်ရတဲ့ ကျွန်တော့်ရဲ့ မင်ဟိုနဲ့အတူ

အခု ဘာတွေဖြစ်သွားတာလဲ

ရုတ်တရက် အခန်းထဲကို လူတစ်ယောက်ဝင်လာသည်။ ဒါပေမယ့် မှောင်နေတော့ ဘယ်သူမှန်း သေချာမသိရ။ ထိုလူ ကျွန်တော့်အနား မရောက်ခင် မျက်လုံးမှိတ်ကာ မနိုးသေးသလိုမျိုး ဟန်ဆောင်လိုက်သည်။

"ဟျွန်းဂျင် ငါ တောင်းပန်ပါတယ်" ထူးဆန်းတဲ့စကားပြောနေတဲ့ ထိုလူက ကျွန်တော့်ပါးပြင်ကို လာကိုင်တော့ ကျွန်တော့်မျက်နှာကို ယမ်းလိုက်သည်။

"ဪ...နိုးလာပြီလား ဟျွန်းဂျင်နီး ခေါင်းက သက်သာရဲ့လား?" ခုနကလေသံနဲ့ မတူတော့။

τнє ωσrℓ∂ нє givєs мєWhere stories live. Discover now