τнє τrυτн υทτσℓ∂

241 55 11
                                    

[For Unicode]

ကျွန်တော်ဆက်ပြီး မဖတ်ချင်တော့။ အဲ့ဒီနေ့ကလည်း မင်ဟိုကို စိတ်ဆိုးတာမဟုတ်ပေ။ မင်ဟိုက ဂျီဆောင် နဲ့ ကျွန်တော့်ဆိုရင် ဦးစားပေးတာက ဂျီဆောင်ကိုပင်။ အဲ့တုန်းကလည်း မင်ဟိုက ခေါက်ဆွဲပြုတ်စားနေလို့ ကျွန်တော်လည်း စားချင်လို့ဆိုပြီး အနားသွားတော့ ကျွန်တော့်ကို ဘာမှပြန်မပြော။ အဲ့ဒါကြောင့် ကျွန်တော်က....

"အကိုကလည်း ဒါလေးတောင် မကျွေးချင်ဘူး ဟုတ်လား" ဆိုပြီးပြောတော့

"ကိုယ့်ဘာသာပြုတ်စား" ဆိုပြီးပြောခဲ့သည်။ ဂျီဆောင်ဝင်လာတော့ ဂျီဆောင်က "အစ်ကို ကျွန်တော့်ကိုကျွေး" ဆိုတာနဲ့ချက်ချင်းပဲ တူကို ထိုးပေးသည်။ မစားရလို့ ဘာကိစ္စမှမရှိပေမယ့် မင်ဟိုက ကျွန်တော့်အပေါ် ဂရုမစိုက်ဘူးဆိုတဲ့ ခံစားချက်က ဝင်လာခဲ့လို့ ထထွက်ပြီး အဲ့ဒီနေ့က ဘန်ချန်းတို့ အခန်းထဲမှာ သွားအိပ်ချင်တာတောင် အခန်းကျဉ်းတော့ ဂျီဆောင် နဲ့ ဂျောင်အင်တို့အခန်းမှာပဲ ညအိပ်ခဲ့သည်။ အဲ့ဒီနေ့ကလည်း ဂျီဆောင်ကိုအခန်းထဲမှာ စကားမပြောဖြစ်ခဲ့။ ဂျောင်အင် မေးတာကိုလည်း မမဖြေပဲ ဂျောင်အင် ကုတင်အောက်မှာပဲ အိပ်ရာခင်းကာ အိပ်ခဲ့သည်။ အခု မင်ဟိုက ဒီလိုမျိုးရေးထားတာက ကျွန်တော်ဘယ်လိုပြောရမှန်းတောင်မသိတော့။

အမြဲတမ်းနောက်တာ အကိုလေ အခုတော့ ကိုယ့်အပြစ်မဟုတ်ပဲနဲ့ အပြစ်ရှိသလိုခံစားနေရတာ ကျွန်တော်လား

ကျွန်တော် မင်ဟိုကို စိတ်ထဲကနေပြောလိုက်ပြီး
နောက်တစ်ရွက်လှန်လိုက်သည်။

📖
၈/၉
သူ vlive လွှင့်တာပြီးတော့မယ့်အချိန်ကို မှန်းပြီးတော့ သူကြိုက်တဲ့ ကြက်ကြော်နဲ့ ပီဇာဝယ်ပြီး သူ့ဆီသွားခဲ့တယ် သူငါ့ကို တွေ့တော့ ချက်ချင်းပဲ ဖုန်းကိုယူပြီး ထွက်ဖို့လုပ်ချိန် ငါတောင်းပန်လိုက်တော့ ချက်ချင်းပဲ သူ့မျက်နှာပေါ် အပြုံးရိပ်လေးသန်းသွားတယ် ဘာပဲဖြစ်ဖြစ် ကျေးဇူးပါ
_____

τнє ωσrℓ∂ нє givєs мєWhere stories live. Discover now