now pɑin is my pɑrtner

144 43 21
                                    

[For Unicode]

"ဟျွန်းဂျင် သတိရပြီလား? ဘယ်လိုနေလဲ? နာနေသေးလား?"

မျက်လုံးဖွင့်ဖွင့်ချင်း တွေ့လိုက်ရတာက ရင်းနှီးနေတဲ့ မျက်နှာကျက်

အနားမှာ ပတ်ပတ်လည် ထိုင်ပြီး စိတ်ပူတဲ့လူ၊ ငိုနေတဲ့လူရဲ့မျက်နှာ‌တွေ...

"ကျွန်တော်...ကျွန်တော် မသေ...မ‌သေသေးဘူးလား?" မျက်ရည်တွေက စီးကျလာသည်။

"အဲ့လိုမပြောနဲ့ ဟျွန်းဂျင် အခုဘာမှမတွေးနဲ့ နား ဟုတ်ပြီလား?" ဘန်ချန်းက ကျွန်တော့်လက်ကို ကိုင်‌ကာ ပွတ်သပ်ပေးသည်။

"ဘာလို့လဲ အစ်ကို ဘာလို့ ကိုယ့်ကိုယ်ကို သတ်သေရတာလဲ အသက်ရှင်နေသရွေ့ အစ်ကိုမင်ဟိုကို ရှာလို့ရ‌သေးတယ်လို့ အစ်ကိုပဲပြောခဲ့တာလေ အစ်ကိုမင်ဟိုကိုမတွေ့မချင်း အစ်ကိုမသေဘူးလို့ အခုတော့...အခုတော့ ဘာလို့လက်လျှော့လိုက်တာလဲ?" ဂျောင်အင်က ကျွန်တော့်ရင်ဘတ်ကို ထုကာ အော်ဟစ်ငိုယိုနေလေသည်။

"ဂျီဆောင် မင်းကိုတွေ့လို့ပေါ့ မဟုတ်ရင် မင်းသေနေလောက်ပြီ သွေးထွက်လွန်ပြီး..."ဖီးလစ်က တော်ပါသေးရဲ့ဆိုတဲ့အကြည့်နဲ့ အခန်းဝမှာ ရပ်နေတဲ့ဂျီဆောင်ကို လှမ်းကာကြည့်သည်။

ကျွန်တော် အခုချိန် ဘာစကားမှမပြောနိုင်။ ပြောလည်းမပြောချင်တော့။ ဘာတွေ ဘယ်လိုဖြစ်ခဲ့လဲဆိုတာ အသေးစိတ်မရှင်းပြချင်တော့။

ကျွန်တော့်ရင်ဘတ်ပေါ် ခေါင်းတင်ကာငိုနေတဲ့ ဂျောင်အင်ကို ခေါ်ထုတ်သွားဖို့ ဘန်ချန်းက ဖီးလစ်ကို အချက်ပေးလိုက်သည်။

အခုအခန်းထဲမှာ ကျန်တာက ဘန်ချန်း၊ ချန်းဘင်နဲ့ ဂျီဆောင်။ အငယ်နှစ်ယောက်ထွက်သွားပြီးမှ
ဘန်ချန်းက ကျွန်တော့်ကို စကားပြန်ပြောသည်။

"ဟျွန်းဂျင် မင်းဆုံးရူံးမှုအတွက် အစ်ကို စိတ်မကောင်းဘူး ဒါပေမယ့် အစ်ကို့ညီ အရမ်းချစ်တဲ့ အစ်ကို့ညီ သေပြီဆိုတာတော့ အခုထိ မယုံနိုင်သေးဘူး" ဘန်ချန်းက အသက်မဲ့နေသလို ဖြစ်နေတဲ့ ကျွန်တော့်လိုမျိုး ငိုနေတော့ ချန်းဘင်က မျက်မှောင်ကြုံ့ကြည့်ရင်း မေးလေတော့သည်။

τнє ωσrℓ∂ нє givєs мєМесто, где живут истории. Откройте их для себя