strɑnger?

152 42 19
                                    

[For Unicode]

ကျွန်တော် အကိုမင်ဟိုနဲ့ ပြန်တွေ့ရတာ ပျော်လို့မဆုံး။ အချစ်ရဆုံးသူနဲ့ အတူတူ ရှိနေခွင့်ရတာ အိပ်မက်လိုပဲ။ လုံးဝမနိုးထချင်မိ။

အခုတာဝန်ချိန်ပြီးဆုံးသွားလို့ မင်ဟိုကို အနမ်းပေးပြီး အခန်းထဲပြန်ရောက်ခဲ့ပြီ။ ဒါပေမယ့် နားဖို့အချိန်မရှိ။ ကျွန်တော့်လုပ်ရပ်ကြောင့် မင်ဟို ဒီနေရာမှာ နေဖို့ အဆင်မပြေတော့။

FLASHBACK

တိမ်တွေကြားကနေ တိုးထွက်လာတော့မယ့် နေမင်းကြီးကို မင်ဟိုပုခုံးပေါ်မှီရင်း ကြည့်ဖြစ်ခဲ့သည်။

"မနက်ဖြန် ခေါင်းဆောင် ပြန်ရောက်မှာ အဲ့ဒါကြောင့် အကိုတို့မှာ ဒီနေ့တစ်ရက်ပဲ ရှိ‌တော့တယ် ဒီနေ့ည ၈ နာရီ ဒီနေရာကနေ ထွက်ကြမယ် မင်း အကို့နောက်ကို လိုက်ဖို့ အဆင်သင့်ဖြစ်ပြီလား ဟျွန်းဂျင်"

"အကို့နောက်ဆို ဘယ်နေရာပဲဖြစ်ဖြစ်လိုက်မှာ"

ကျွန်တော့်အသံ တိုးတိုးလေးသာ ထွက်လာခဲ့သည်။

မင်ဟိုကို ပြန်တွေ့ပြီဆိုတာ တခြားသူတွေ မသိရင်တောင် ဘန်ချန်းကိုတော့ သိစေချင်သည်။ သူ့ခမျာ ကျွန်တော်တို့ အဖွဲ့ဝင်တွေ အန္တရာယ်တွင်းထဲ မကျရောက်အောင် အစွမ်းကုန်ကြိုးစားစောင့်ရှောက်ပေးခဲ့သည်။ စိတ်နေသဘောထားချင်းမတူတဲ့အဖွဲ့ဝင်တွေရဲ့ ပြသာနာတွေကိုလည်း ဖြေရှင်းပေးခဲ့သည်။ တစ်ဖက်မှာလည်း မင်ဟိုကို အချိန်တိုင်း သတိရနေတဲ့စိတ်၊ ပူပန်နေတဲ့စိတ်က ကျွန်တော့်ကို‌တော့ မမှီပေမယ့် ကျွန်တော့် နီးပါးရှိတာကို သိသည်။ နောက်ပြီး ကျွန်တော်က မင်ဟိုအပေါ် ဘယ်လိုသဘောထားလဲဆိုတာ သိတဲ့သူဆိုလို့ သူနဲ့ ဆွန်းမင်းပဲရှိသည်။ သူတို့သိသွားရင်လည်း ကျွန်တော် မင်ဟိုနောက် လိုက်မှာကို ဘာမှမပြောဘဲ စိတ်ချလက်ချ လွှတ်ပေးနိုင်မယ်လို့ ထင်သည်။

"အခုကတည်းက တွေးပူနေတာလား ဟျွန်းဂျင်"

ကျွန်တော်တိတ်ဆိတ်သွားတာကို သတိထားမိဟန်တူရဲ့။

"မင်းစိတ်ကို အကိုနားလည်တယ် အစ်ကိုဘန်ချန်းကို ပြောချင်ပြောလေ"

τнє ωσrℓ∂ нє givєs мєWhere stories live. Discover now