υηєxρєcтє∂

174 46 16
                                    

[For Unicode]

လူတိုင်း safe place ဆီရောက်လာခဲ့သည်။ ထိုနေရာကို အဖွဲ့အစည်းတစ်ခုက အုပ်ချုပ်နေပြီး လုံခြုံတဲ့နေရာလို့ပြောပေမယ့် တကယ်တော့ ထောင်ပျက်ကြီးတစ်ခု။ သူတို့က နေစရာ၊ အိပ်စရာပေးသည်။ အစားစားချိန် ပုံမှန်စားရသည်။ သူတို့တွေက အမဲရောင်ဝတ်စုံပြည့်ဝတ်ကာ mask တွေလည်း တပ်ဆင်ထားကြသည်။ အကုန်အဆင်ပြေပေမယ့် တချို့အကျင့်မကောင်းတဲ့အဖွဲ့ဝင်တွေရှိသည်။

ငယ်ရွယ်တဲ့မိန်းကလေးဆို အတင်းအဓမ္မမဒိန်းကျင့်ပြီးမယားလုပ်ခိုင်းသည်။ ပြန်တော်လှန်ချင်ရင်တောင် လုပ်ချင်တိုင်း လုပ်လို့မရ၊ သူတို့မှာ လက်နက်ရှိသည်။ နေတဲ့လူတိုင်း ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုမှလွဲပြီး ကျရာတာဝန်ထမ်းဆောင်ရသည်။

ယောင်္ကျားလေးတွေဆိုလည်း safe place ဆီရောက်တာခြောက်လပြည့်ပြီဆိုတာနဲ့ ငယ်ငယ်ကြီးကြီး စမ်းသပ်တာခံရသည်။ ဘာလက်နက်မှ မပေးဘဲ သူတို့သတ်မှတ်ထားတဲ့အချိန်အတွင်း သတ်မှတ်ပစ္စည်းကို ယူမလာနိုင်ခဲ့ရင် ချက်ချင်းပစ်သတ်ကာ ဇွန်ဘီစာကျွေးသည်။

ကျွန်တော့်ဆံပင်တွေကလည်း ဂုတ်ထောက်နေပြီ။ အကိုမင်ဟိုနဲ့မတွေ့ရတာ တစ်နှစ်နဲ့ သုံးလ။ တခြားလူတွေနဲ့ ပြန်တွေ့ပေမယ့် မင်ဟို‌ကိုလုံးဝမတွေ့။ ကျွန်တော်လည်းဒီနေရာကို ရောက်နေတာ ခြောက်လကျော်ပြီ။ အဲ့ဒါကြောင့် ဒီအဖွဲ့အစည်းရဲ့ ထုံးစံအတိုင်း သူတို့စမ်းသပ်တာကို လုပ်ရမည်။ အောင်ရင် သူတို့အဖွဲ့ဝင်၊ မအောင်ရင် သေ၊ နှစ်လမ်းပဲရှိသည်။

ကျွန်တော့်အဖွဲ့ဝင်တွေက ကျွန်တော်နဲ့ ဂျီဆောင်ကို နှစ်ယောက်တည်း လွှတ်လိုက်ရမှာကို စိုးရိမ်နေသည်။ ဂျီဆောင်က ပေါက်ကရတွေလုပ်ပြီး သူ့ကြောင့် နှစ်ယောက်စလုံးသေမှာကို စိုးရိမ်နေခြင်းဖြစ်သည်။

နောက်ပြီး ကျွန်တော်ကအကြီး၊ ဘာပဲဖြစ်ဖြစ် ဂျီဆောင်ကို ကာကွယ်ပေးရမည်။ ကျွန်တော် အဖွဲ့ဝင်တွေနဲ့အတူ ဆက်နေရဖို့အတွက်၊ မင်ဟိုကို ဒီနေရာမှာ ဆက်ရှာဖို့အတွက် safe အဖွဲ့ဝင်ဖြစ်အောင်လုပ်ရမည်။

safe ရဲ့စာရင်းမှာ နေတဲ့လူတိုင်းရဲ့ နာမည်တွေရှိသည်။ ကျွန်တော်သာ safe အဖွဲ့ဝင်ဖြစ်ရင် မင်ဟိုကို ရှာလို့ရလောက်သည်။ အီမင်ဟိုဆိုတဲ့နာမည်က များမှန်းသိပေမယ့် သူတို့နေတဲ့အခန်းနဲ့ တိုက်စစ်ကြည့်လို့ရသည်။ လုံးဝကို မရှိရင်တော့ ဒီ safe place ထဲကနေ ထွက်ဖို့ ပြန်စီစဉ်ပြီး မင်ဟိုကိုထပ်ရှာရမည်။ ထွက်ရှာဖို့ အကြံကိုတော့ အဖွဲ့ဝင်တွေမသိ။

τнє ωσrℓ∂ нє givєs мєWhere stories live. Discover now