૨εαℓ

139 41 16
                                    

[For Unicode]

ကျွန်တော် အဆောင်ဆီမပြန်နိုင်သေး။ ကိစ္စတွေက ထင်ထားတာထက် ပိုလို့တောင် ရူပ်လာပြီ။

“ဘယ်သူလဲ အဲ့ဒီလူက ဘာလို့ အခုလိုမျိုးကို ဘာမှမဖြစ်သလို လုပ်ရက်နိုင်တာလဲ?”

“ဒီစာကို ဖတ်ကြည့်ရင် မင်း သိလိမ့်မယ်”

မင်ဟို သူ့ဘောင်းဘီအိတ်ကပ်ထဲကနေ တွန့်‌ကျေနေတဲ့ စာတစ်စောင်ကိုထုတ်ကာ လှမ်းပေးသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မင်ဟို‌

မင်း အသက်ရှင်ရက် ရှိ‌နေတယ်ဆိုတာ သိရလို့ အစ်ကို အရမ်းဝမ်းသာတယ် အရင်ဦးဆုံး သိရတဲ့သူက အစ်ကို မဟုတ်ပေမယ့် ဝမ်းသာတယ်ကွာ အစ်ကို့ဆီ မရောက်ရောက်အောင် လာပေးလို့လည်း ကျေးဇူးတင်တယ် ဟိုနေ့တုန်းက အစ်ကို့ကို မင်းတွေ ငါတွေနဲ့ သုံးပြီးပြောခဲ့တာကို အစ်ကိုစိတ်မကောင်းဖြစ်လိုက်သေးတယ် ဒါပေမဲ့ ရပါတယ် စိတ်ဆိုးတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ
ပြောရဦးမယ် မင်းက ဒီကို အရင်ရောက်ပေမယ့် အစ်ကိုက လုပ်ပိုင်ခွင့် ရထားလို့ တစ်ခုခုလိုအပ်တာရှိရင် အစ်ကို့ကိုပြောနော် မင်း ခေါင်းဆောင်သားကို သတ်လိုက်တာလည်း ဘယ်သူမှ မသိဘူး မင်းအစား တခြားတယောက် ဝင်ခံပြီးပြီဆိုတော့ အစ်ကို့အားထုတ်မှုကို နှမြောတသမဖြစ်စေချင်ရင် ဟျွန်းဂျင် ပြန်ပြီး ကျန်းမာလာတဲ့အချိန် မသိချင်ယောင်ဆောင်ပေးပါ သူနဲ့ တွေ့လည်းမတွေ့နဲ့ စကားလည်းမပြောတာ အကောင်းဆုံးပဲ အစ်ကို ကြားမိသလောက် ဆွန်းမင်းက အရင်လိုမဟုတ်တော့ပဲ မင်းမှမင်းဖြစ်နေတာဆို အဲ့ဒါကိုလည်း ကျေးဇူးတင်တယ် သူ့ကြောင့် အစ်ကို စီစဉ်ထားတာတွေ အံဝင်ခွင်ကျ ဖြစ်လာခဲ့ရတာ ဟျွန်းဂျင်က မင်းကိုအရင်လို မန်ဘာတစ်ယောက်အနေနဲ့ ချစ်နိုင်တဲ့နေ့ ပြန်ရောက်လာပြီဆိုရင် မင်း မသိချင်ယောင်ဆောင်စရာမလိုတော့ဘူး အစ်ကို ခုနကပြောသလိုပဲ အစ်ကို့အားထုတ်မှုကို နှမြောတသ မဖြစ်စေချင်ရင် အစ်ကိုပြောတဲ့အတိုင်း လုပ်တာ အကောင်းဆုံးပဲ မင်းသာ မဟုတ်တာလုပ်မယ်ဆိုရင် အစ်ကို ဘာလုပ်မိမလဲဆိုပြီး အာမမခံနိုင်ဘူးနော် မင်းက အစကတည်းကဉာဏ်ကောင်းတဲ့သူမို့လို့ အစ်ကို ဘာကိုဆိုလိုလဲဆိုတာ မင်းသိမှာပါ အကုန်လုံးအခြေတကျပြန်ဖြစ်သွားရင် အစ်ကို့ဆီ တန်းတန်းမတ်မတ်လာခဲ့တော့ အစ်ကို မင်းလာမှာကို စောင့်နေတယ်

τнє ωσrℓ∂ нє givєs мєWhere stories live. Discover now