betrɑyɑl

134 43 14
                                    

[For Unicode]

ထပ်မတွေးချင်တဲ့ကိစ္စတွေ ဖြစ်ပြီး သုံးပတ်ကြာ
ကျွန်တော့်ခေါင်းနဲ့ လက်က ဒဏ်ရာက သက်သာနေပြီ။ တခါတလေ ခေါင်းကိုက်တာကလွဲလို့ ပုံမှန်အတိုင်းပဲ။

သက်သာနေပြီဖြစ်လို့ ကိုယ့်တာဝန်ကိုယ်ပြန်ယူရတော့မည်။ အငယ်တွေနဲ့ အကြီးနှစ်ယောက်ကို ဒုက္ခမပေးချင်တော့။ နောက်ပြီး မှန်ကန်မှုမရှိတဲ့ သတင်းနောက်ကို လိုက်ရဦးမည်။

ချန်းဘင်နဲ့ အငယ်နှစ်ယောက်က ကျွန်တော့်ဆီ နှစ်ရက်ခြားတစ်ခါလာပေမယ့် ဂျီဆောင်းက နေ့တိုင်း မပျက်မကွက်လာကာ တောင်းပန်စကားဆိုသည်။ ဒါပေမယ့် ဂျီဆောင်းမျက်နှာမြင်တိုင်း ထိုအဖြစ်အပျက်တွေ ပေါ်ပေါ်လာလို့  သူ့ကို ပြန်မပြောခဲ့။ ပြီးတော့ ဆွန်းမင်း၊ ဆွန်းမင်းကတော့ မှတ်မိသလောက် ကျွန်တော့်ဆီ လုံးဝမလာသလို အဖွဲ့ဝင်‌တွေဆီကလည်း သူ့အကြောင်းပြောသံမကြား။

“အစ်ကိုဘန်ချန်း ဆွန်းမင်းရော သူ့ကို ကျွန်‌တော် လုံးဝမတွေ့သလိုပဲ” ဘွတ်ဖိနပ်ကြိုးချည်နေတဲ့ ဘန်ချန်းက ကျွန်တော်ပြောလိုက်တဲ့စကားကြောင့် ရပ်သွားသည်။ ဘာမှတော့မပြော။

“အစ်ကိုဘန်ချန်း...?”

“အာ....ဆောရီး ဆွန်းမင်းက လမ်းကြောင်းရှာဖွေရေးအဖွဲ့ထဲမှာ ပါသွားတာ အဲ့ဒါကြောင့် သူ့ကို မင်းမတွေ့တာ”

“သူနဲ့ရော အဆက်အသွယ်ရသေးလား?”

“အင်..ရတာပေါ့ သူ ဘာမှမဖြစ်ဘူး အဆင်ပြေတယ်တဲ့ အစ်ကို သွားတော့မယ် ဟျွန်းဂျင် မင်း ဒီနေ့ ဘယ်မှာ တာဝန်ကျတာလဲ?”ဘန်ချန်းပြောပေမယ့် ကျွန်တော့်မျက်လုံးကို သေချာမကြည့်။

“အေဆောင်ဂိတ်ပေါက်မှာ ကင်းစောင့်ရမှာ....”

“တစ်နေ့လုံးလား...?” အေဆောင်လို့ပြောသံကြားမှ သူ ကျွန်တော့်ကို မော့ကြည့်သည်။

“မနက် ၉ ကနေ ည ၈ ထိပဲ တစ်ညလုံးမဟုတ်ဘူး”

“‌အင်းပါ ဘာပဲဖြစ်ဖြစ် သတိထား”

“ဟုတ် အစ်ကိုဘန်ချန်း”

ဘန်ချန်းထွက်သွားတော့ ကျွန်တော်လည်း အဝတ်လဲကာ တာဝန်ကျရာနေရာဆီ သွားမလို့ ပြင်ဆင်လိုက်သည်။

τнє ωσrℓ∂ нє givєs мєWhere stories live. Discover now