υทƒiทisнє∂ cσทƒєssiσท

213 53 7
                                    

[For Unicode]

"အကို!!! အကိုမင်ဟို!!!!"

မင်ဟိုကို ဆက်သွယ်ဖို့အတွက် ကျွန်တော်ဖုန်းထပ်ခေါ်လိုက်သည်။

တီ..တီ..တီ...

လူကြီးမင်းခေါ်ဆိုသောဖုန်းမှာ လက်တလော‌တွင်
ဆက်သွယ်မှုဧရိယာရောက်ရှိနေပါသဖြင့်.....

တီ...တီ..တီ..

ထပ်ခါထပ်ခါခေါ်‌နေပေမယ့်လည်း တစ်ဖက်က ဖြေကြားခြင်းမရှိပေ။ စိုးရိမ်စိတ်တွေ အလွန်အကဲရောက်ရှိနေလေပြီ။

"လုပ်ပါဦး အကိုမင်ဟိုကိုဆက်သွယ်လို့မရဘူး အစ်ကိုဘန်ချန်း အကိုမင်ဟိုကို ဖုန်းဆက်ကြည့်ဦး"

ဆိုဖာပေါ်တောင်မထိုင်နိုင်တော့ ကြမ်းပြင်ပေါ်ထိုင်ချလိုက်ရင်း ဒူးခေါင်းနှစ်လုံးကိုထောင်ကာ ငိုသံဖြင့် ပြောလိုက်သည်။

"အစ်ကိုလည်း ခုနကတည်းကခေါ်နေတာ သူမကိုင်ဘူး မန်နေဂျာကလည်းဖုန်းမကိုင်ဘူး”ဘန်ချန်း က စိတ်ပူနေသောလေသံဖြင့် ထပ်ပြောသည်။

"အစ်ကိုမင်ဟို ဘာမှတော့ မဖြစ်လောက်ပါဘူးနော်" ဂျီဆောင်မျက်နှာပေါ်လည်း စိုးရိမ်မှုတွေအပြည့်။

ဖီးလစ်ကလည်း Twitter မှ Posts တွေကိုပြတော့ ပိုစိုးရိမ်သထက်စိုးရိမ်လာသလို မင်ဟို နဲ့မတွေ့ရတော့မှာကို ကျွန်တော်ပိုပိုပြီးကြောက်လာခဲ့သည်။

အကယ်အကိုမင်ဟိုများတစ်ခုခုဖြစ်ခဲ့ရင်... မဖြစ်ဘူးဖြစ်ဘူး

"ကျွန်တော် အကိုမင်ဟို ဆီသွားမယ်"

"ဘာနဲ့လဲ?" ချန်းဘင် က မျက်ခုံးကြုံ့ပြီး မေးသည်။

"တက္ကဆီဌားပြီးတော့"

"ဟွမ်ဟျွန်းဂျင်မင်းရူးနေပြီလား မင်းမတွေ့ဘူးလား အဲ့ဒါတွေက လူတွေမဟုတ်တော့ဘူး မင်းအဲ့ဒါကို သိကောသိရဲ့လား အခုချိန် ဘယ်တက္ကဆီသမားက မင်းကို လိုက်ပို့ပေးမလဲ? ဒီအဆောက် အအုံထဲမှာ အခုကော ဘာတွေဖြစ်နေပြီလဲဆိုတာ ငါတို့မသိဘူး ထွက်တာနဲ့ မင်းပါ သူတို့တွေလို ဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ!?”

τнє ωσrℓ∂ нє givєs мєWhere stories live. Discover now