нαρρıηєss

158 37 14
                                    

[For Unicode]

“ဘာ!!! အကို ဘာတွေပြောနေတာလဲ?သူ ဘာတွေ လာပြောထားလို့လဲ?!!”

“ဘာမှ မပြောပါဘူး ကြားတဲ့အတိုင်းပဲ အကိုတို့ ဒီမှာပဲနေကြမယ်..နောက်ပြီး အကိုက မင်းတို့ရဲ့ လီနိုပဲ အတိတ်လည်း မေ့နေတာ မဟုတ်ဘူး”

ဂျောင်အင်နဲ့ ချန်းဘင်က အံ့ဩတဲ့ပုံစံနဲ့ ကြည့်ပေမယ့် ဂျီဆောင်းနဲ့ ဖီးလစ်က သိပြီးသားမို့လို့ ဘာမှ  ထူးဆန်းမနေတော့။

“ပြီးတော့ ဆွန်းမင်းက သိတဲ့အတိုင်း အခြေအနေ မကောင်းဘူး ဟျွန်းဂျင် ဒီမှာ နေပြီး ဆေးဆက်ကုမှရမှာ”

မင်ဟို အိပ်နေတဲ့ဆွန်းမင်းကို စောင်လေးသေချာခြုံပေးလိုက်သည်။

“အကို အတည်ပြောနေတာလား! ဒီလူရဲ့ အောက်မှာ ကျွန်တော်တို့ ဘယ်လိုလုပ် ပျော်ပျော်ရွှင်ရွှင် နေနိုင်မှာလဲ?!!!” ဘန်ချန်းဘက်ကို လက်ညိုးထိုးလိုက်သည်။

“အစ်ကိုဘန်ချန်းက ဘာလုပ်လို့လဲ?” ဂျောင်အင်က မျက်လုံးလေးကလည်ကလည်နဲ့ မေးလေသည်။

“ဟ ဟား အဲ့မေးခွန်းကို စောင့်နေတာ အစ်ကို အကုန်ပြောပြမယ် ပထမတစ်ချက် အစ်ကိုနဲ့ အကိုမင်ဟို ထွက်ပြေးမယ့်ညတုန်းက အစ်ကို့ကို ဖမ်းချုပ်ခဲ့တာ ဂျီဆောင်းမဟုတ်ဘူး သူက အစ်ကို့ကို လာကယ်ခဲ့ပေမယ့် ထောင်ချောက် တန်းဝင်လာမိသလိုဖြစ်လို့ သူ တရားခံဖြစ်သွားခဲ့တာ အစ်ကို့ခေါင်းကို ရိုက်ခွဲတာလည်း သူမဟုတ်ဘူး သူ ဆေးလည်းစွဲမနေဘူး တစုံတစ်ယောက်က သူ လုပ်တယ်လို့ တမင်တကာ ဝန်ခံခိုင်းခဲ့တာ မဟုတ်ရင် သတ်မယ်လို့ ခြိမ်းခြောက်ပြီး ငါပြောတာတွေ ဟုတ်ရဲ့လား ဂျီဆောင်း”

ဂျီဆောင်းက လုံးဝမဖြေ...

“အစ်ကိုဂျီဆောင်း အစ်ကိုဟျွန်းဂျင်ပြောတာတွေက အမှန်လား?”

“ဟုတ်...ဟုတ်တယ် ဟျွန်းဂျင်ကို အစ်ကို ဘာမှ မလုပ်ဘူး အစ်ကို ဆေးလည်း စွဲမနေဘူး....အစ်ကိုဘန်ချန်းက”

“ဟန်ဂျီဆောင်း မင်း ဘာတွေလျှောက်ပြောနေတာလဲ မင်းလို ဆေးစွဲနေတဲ့လူရဲ့ စကားကို ဘယ်သူက ယုံမှာလဲ?”

“ကျွန်တော် ယုံတယ် ကျွန်တော် ဂျီဆောင်းကို ယုံတယ်” ဖီးလစ်က အသံတိတ်နေရာမှ ဝင်ပြောခြင်းပင်။

τнє ωσrℓ∂ нє givєs мєOù les histoires vivent. Découvrez maintenant