τнє ρrσмisє

218 49 13
                                    

[For Unicode]

အခုမှမီးပြတ်သွားလေသည်။

"လုပ်ဦး ဖုန်းတွေဖွင့်ကြည့်ကြဦး အစ်ကိုဘန်ချန်းဖုန်းဆက်ဦး ကယ်ဆယ်ရေးအဖွဲ့ကို"ချန်းဘင်က ပြောလေသည်။

"ငါလည်း ခုနကတည်းက ဆက်နေတာပဲ ဘယ်အဖွဲ့က လာကယ်မလဲဆိုတာ မသိဘူး" ဘန်ချန်းက စိုးရိမ်တကြီးဖြင့် ပြန်ဖြေသည်။

အခန်းထဲ တိတ်ဆိတ်သွားတော့သည်။

"အပြင်ထွက်ကြမယ်" ကျွန်တော်ပြောလိုက်လေသည်။

"မင်းတကယ်ကြီး ရူးသွားပြီပဲ ဟျွန်းဂျင်" ချန်းဘင် က မျက်မှောင်ကြုံ့ကာထပ်ပြောပြန်သည်။

"ဟုတ်တယ် ကျွန်တော် ရူးသွားတာ ဒါပေမယ့် ဘယ်အချိန်လာမယ်မှန်းမသိတဲ့ ကယ်ဆယ်ရေးသမားတွေကို စောင့်နေတဲ့ အစ်ကိုက ပိုရူးနေတာ"

"ငါနော် ငါ ထပ်မလုပ်ချင်ဘူး ဟျွန်းဂျင် မင်းပါးစပ်ပိတ်နေလိုက်တော့"

"ဟုတ်တယ် ဟျွန်းဂျင်ပြောတာမှန်တယ် မင်ဟိုပြောတာလည်း မင်းကြားသားပဲ ဒီထဲကနေ ထွက်ရခက်နေရင် ပိုဆိုးနေမယ်"

"အဲ့လိုမျိုးက..."

"ဘာမှမပြောနဲ့ ငါဒီနေရာမှာ ခေါင်းဆောင်ကဒ်ကို သုံးမှရမယ် မင်ဟိုကိုလည်း လိုက်ရှာရဦးမယ် မင်းတို့ကို အဆုံးရူံးမခံနိုင်သလို မင်ဟိုကလည်း ငါအရမ်းချစ်တဲ့ငါ့ညီပဲ လိုက်ရှာရမယ်" ဘန်ချန်းက ကျွန်တော်တို့ဘက်ပြန်လှည့်ပြီး "အကုန်လုံး အဆင်သင့်ပြင်ထား လိုအပ်တာတွေထည့် အစ်ကိုတို့ ဒီအဆောက်အုံထဲကနေ ထွက်မယ် အိမ်မှာ ဓားဘယ်နှစ်လက်ရှိလဲ ကိုယ့်ကိုယ်ကို ခုခံလို့ရလောက်တဲ့ အရာတွေ ရှိသလောက် ထည့်ခဲ့ တအောင့်နေ ထွက်ကြမယ်"

ဘန်ချန်း စကားကြောင့် အားတက်သွားသည်။ ကျွန်တော့်ဘက်မှာ ခေါင်းဆောင်ရှိနေလို့ တော်သေးသည်။ ကျွန်‌တော်လည်း ဘန်ချန်းပြောသလို လုပ်မလို့ အခန်းထဲပြန်ဝင်ကာ ကျွန်တော့်အိတ်နဲ့ မင်ဟိုအိတ်ကိုပါ သယ်မလို့လုပ်တော့ ဆွန်းမင်းက "မင်းလေးနေမှာပေါ့ ထားခဲ့လိုက်ပါလား" လို့ပြောသည်။ ဆွန်းမင်းဘာကို ရည်ညွှန်းပြီး ပြောတာလဲဆိုတာ သိသည်။ ဒါပေမယ့် မထားချင်ခဲ့။ မင်ဟိုနဲ့ ပတ်သတ်သမျှ အငွေ့အသက်တွေကို ကျွန်တော်ရသလောက်သယ်ချင်သည်။

τнє ωσrℓ∂ нє givєs мєWhere stories live. Discover now