sтσяy тнαт ωση'т єη∂

152 38 23
                                    

[3rd person pov]

ဟျွန်းဂျင် ဟင်းရနံ့သင်းသင်းလေးရလို့ နိုးလာခဲ့သည်။ ပတ်ဝန်းကျင်က တိတ်ဆိတ်နေပေမယ့် နေရောင်ခြည်က သူ့ကို နွေးထွေးမှုပေးနေသည်။

ရုတ်တရက် ပါးပြင်ပေါ် မျက်ရည်တွေ စီးကျလာပြန်သည်။

ငါတို့လုပ်ခဲ့တယ် ငါတို့လုပ်နိုင်ခဲ့တယ် ငါတို့ အသက်ရှင်နေသေးတယ်

နူးညံ့သောလက်တစ်စုံက သူ့ပခုံးကို လာထိတော့ မှုန်ဝါးတဲ့ အမြင်အာရုံနဲ့ ထိုလူကို ပြုံးပြချိန် ထိုလူက သူ့နဖူးပေါ် ချိုမြိန်တဲ့ အနမ်းတစ်ပွင့်နဲ့ ပြန်ပြီး နှုတ်ဆက်သည်။

“ထတော့လေ ဟျွန်းဂျင်လေးရဲ့”

“ဒီနေ့ ဘာစားရမှာလဲ?”

“ထတောင် မထသေးဘဲနဲ့ ဘာစားရမလဲလို့ မေးနေတာလား?”

“ဟာ...ကိုကလည်း”

“ကိုကလည်းတွေ လုပ်မနေနဲ့ မြန်မြန်ထပြီး ရိက္ခာရှာဖို့ ပြင်တော့”

“ရက်စက်လိုက်တာ မနေ့ကတော့ ဒီက ဟွမ်ဟျွန်းဂျင်ကို အားရပါးရစားတာ ဘယ်သူလဲ အခုကျတော့ အတင်းကို နှင်လွှတ်နေပါရောလား?”

“ချစ်လို့ပါ ကိုက ဟျွန်းဂျင်လေးကို အရမ်းချစ်လို့--”

“တော်ကြပါတော့ အစ်ကိုတို့နှစ်ယောက်ထဲ ဒီမှာ ရှိတာမဟုတ်ဘူး ညလည်း ဒုက္ခပေး မနက်လည်း ဒုက္ခပေး အရမ်းကိုချစ်နေကြရင်လည်း ငုံထားကြ ကျွန်တော် ညက အိပ်ရေးပျက်လို့ အားမရှိဘူး အခု ဘာရှိလဲ ဗိုက်ဆာလာပြီ”

“အစ်ကိုတို့ရဲ့အငယ်ဆုံးလေးအတွက် ဖမ်းမိတဲ့ ယုန်သားကင်နဲ့ ရွှေဖရုံသီးဟင်းချိုချက်ထားတယ် သွားစားလို့ရပြီ”

“ဟုတ် အစ်ကိုမင်ဟို”

ဂျောင်အင်က သစ်သားအိမ်လေးထဲကနေ အပြင်ကို မျက်နှာသစ်ဖို့ ထွက်သွားတော့သည်။

ဟျွန်းဂျင်ထထိုင်ပြီး သူ့မျက်နှာကို မင်ဟို့ရင်ခွင်ထဲ မြှုပ်လိုက်သည်။ မင်ဟိုကလည်း ဟျွန်းဂျင်ကို ပြန်ပွေ့ဖက်လိုက်သည်။

“ကိုနဲ့ မခွဲချင်ဘူး ကိုသာ ကျွန်တော်နဲ့အတူ လိုက်ရှာလို့ ရရင် သိပ်ကောင်းမှာပဲ”

τнє ωσrℓ∂ нє givєs мєWhere stories live. Discover now