ραgєs

258 54 7
                                    

[For Unicode]

📖
၂/၉
ဒီနေ့ကတော့ တနင်္ဂနွေနေ့ သူအိပ်ရာပေါ်ကနေဆင်းပြီးလာတဲ့အချိန်က ကလေးလေးလိုပဲ ခေါင်းကလည်း ရူပ်ပွလို့ ဒါပေမဲ့ ချစ်ဖို့ အရမ်းကောင်းတယ် အဲ့ဒီအချိန်တုန်းက သူ့ရဲ့ပါးလေးကို ဆွဲဆိတ်ချင်တဲ့ စိတ်တွေ ပေါ်လာမိတယ် မေ့ပစ် လီမင်ဟို မေ့ပစ်!! ငါမနက်စာလုပ်နေတာကိုမြင်တော့ အကို ကျွန်တော်ကော ဘာကူလုပ်ပေးရမလဲဆိုပြီး ပြောတယ် သူနဲ့ အတူတူ မီးဖိုချောင်ထဲဝင်ရတဲ့အချိန်က အပျော်ဆုံးပဲ အမြဲတမ်း အဲ့ဒီအချိန်တွေကို တောင့်တမိတယ် မကုန်ဆုံးချင်ဘူး
_____

ဟင်! ခဏနေပါဦး! သိသလောက် သူမီးဖိုချောင်ထဲဝင်ရင် ဂျီဆောင်က မကူညီဖူးပါဘူး အဲ့ဒါဆို သူသဘောကျတာ ဂျီဆောင်ဟုတ်ဘူးပေါ့!!! အဲ့ဒါဆို ဆွန်းမင်းလား အိပ်ရာပေါ်ကနေဆင်းပြီးလာတဲ့အချိန်ဆိုတော့ အားးးသိတော့ဘူး ဘယ်သူလဲ? အကိုရည်ညွှန်းတဲ့သူက ဘယ်သူလဲ?

ထပ်ပြီး နောက်တစ်ရွက်လှန်လိုက်သည်။

📖
၃/၉
ဒီနေ့ ဂျီဆောင်နဲ့ Insidious 3 ကြည့်ခဲ့တယ် အဲ့ကောင်လေးက ကြောက်လည်း ဆက်ကြည့်တာပဲ သူ့ကို ကြည့်ပြီးရယ်နေရတယ် ယ်လိုပဲဖြစ်ဖြစ် အဖွဲ့ဝင်ထဲမှာ စိတ်တူကိုယ်တူတစ်ယောက်ရှိတာ အဆင်ပြေတယ် သရဲကားကြည့်ပြီးအခန်းထဲပြန်ရောက်တော့ သူ့ကိုမိတယ်တက်နိုင် သူ့ကိုတစ်နေ့မဟုတ် တစ်နေ့လိုက်မှကို ကျေနပ်တာသူကတော့ ငါ့ကိုမုန်းမှာ အသေအချာပဲ၊ ဒါပေမဲ့ စိတ်ဆိုးပြီး အိပ်ပျော်သွားတဲ့ ငါ့မင်းသားလေးရဲ့ နဖူးကို ခွင့်တောင်းပဲနမ်းမိလိုက်တယ် တောင်းပန်ပါတယ် ပါးစပ်ကဖွင့်ပြောရဲလို့ အချိန်တန်ရင်တော့ ကိုယ်ကုန်ပြောပြပါ့မယ်
_____
သူ့ကို စ နေရရင်ကိုပဲ သဘောကျတယ် မဟုတ်မှလွဲ သူ ဆွန်းမင်းကို သဘောကျနေတာလား? ပြီးတော့ နမ်းမိတယ် အိုးမိုင်ဂေါ့ တကယ်ကြီး ဆွန်းမင်းကိုလား? media နဲ့ public ရှေ့ကျ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် သဘောမကျတဲ့ပုံနဲ့ စကားနာထိုးနေကျပြီး နောက်ကွယ်မှာကျ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ပေးတာ ဟိုတစ်နေ့ကလည်း ဆွန်းမင်းက ခြင်ကိုက်ဖုတွေ ထွက်လာတယ်ဆိုလို့ အကိုမင်ဟို ကိုယ်တိုင် ဆေးလိမ်းပေးနေတာတွေ့တော့ ကျွန်တော့်ကိုလည်း လိမ်းပေးဆိုပြီးပြောမိလိုက်သေးတယ် ဒါပေမယ့်....

τнє ωσrℓ∂ нє givєs мєजहाँ कहानियाँ रहती हैं। अभी खोजें