αяє уσυ ℓєανιηg мє αgαιη...?

177 44 18
                                    

[For Unicode]

“ဂျီဝူ...? အကိုမင်ဟို ဘာတွေ ပြောနေတာလဲ? ကျွန်တော် ဟျွန်းဂျင်‌လေ”

သူက မသိချင်ယောင်ဆောင်နေတာလား?

တကယ်ပဲ ကျွန်တော့်ကို မေ့သွားတာလား မသဲကွဲ။ ဒါပေမယ့် သူ ဟန်ဆောင်နေမှန်း ကျွန်တော် ကောင်းကောင်းကြီး သိသည်။

“ငါက မင်းပြောတဲ့ မင်ဟိုလည်း မဟုတ်ဘူး နောက်ပြီး ဒီနေရာက မင်းထင်သလို မလွယ်ကူဘူး ဘာတွေထပ်ပြီး ကြုံလာရမလဲဆိုတာလည်း မင်းသိမှာမဟုတ်ဘူး အချိန်ရှိသရွေ့ စိတ်ကူး‌ယဉ်တာတွေနဲ့ ပြည့်နေတဲ့ မင်းအတွက် အခုက နိုးထသင့်နေပြီ ခေတ်ပျက်ကြီးထဲမှာ မင်း အသက်ထက် အရေးကြီးတာ ဘာမှ မရှိဘူး”

“ဘယ်လိုများ ပြောရက်နိုင်တာလဲ? ကျွန်တော့်အတွက်တော့ အကိုက အရေးကြီးဆုံးပဲ”

“ဒီမှာ မင်းခံစားနေရတာတွေကိုလည်း ငါမသိဘူး
ငါ..ငါ သိဖို့လည်း ကြိုးစားမှာမဟုတ်ဘူး ဒါ ငါနောက်ဆုံးပြောခြင်းပဲ ငါက ဒီမှာစီနီယာ မင်းက အခုမှ လူသစ် မင်းအခု စကားတွေများနေချိန် တာဝန်လစ်ဟင်းသွားရင် ဘယ်လိုလုပ်မလဲ ငါ မင်းအတွက် ရာနှုန်းပြည့် အာမ မခံနိုင်ဘူး”

မင်ဟိုရဲ့သူစိမ်းဆန်တဲ့စကားတွေကြောင့် ချက်ချင်းပဲ ကျွန်တော့်မျက်ဝန်းထဲ မျက်ရည်တွေ ဝဲတက်လာသည်။ အဲ့ဒါကို သူမြင်တော့

“ငါ ဆေးလိပ်သွားသောက်ဦးမယ်”လို့ပြောဆိုရင်း ထွက်သွားလေတော့သည်။

အမှန်တကယ်ပါ စကားတွေ ပြောမထွက်တော့ အခု ဒီနေရာမှာ ကျွန်တော် တစ်ယောက်တည်း

ကျွန်တော်ပဲမှားနေတာလား?

မဖြစ်နိုင် အစကတည်းက အီလီနိုမှန်း တန်းသိသည်။ ရင့်သီးတဲ့ စကားတွေ ပြောပေမယ့်လည်း သူ့စကားတွေထဲ စိတ်ပူတဲ့ အရိပ်အယောင်တွေ တွေ့ရသည်။

တစ်ယောက်တည်းစောင့်နေတာ မိနစ် ၃၀ နီးပါးရှိပေမယ့် မင်ဟိုက ပြန်မရောက်လာ။

ရုတ်တရက် တံခါးဖွင့်သံကြားတော့ မင်ဟို ပြန်လာပြီဆိုတဲ့ အထင်နဲ့ လှည့်ကြည့်လိုက်ပေမယ့် မင်ဟိုမဟုတ်တဲ့ မူးရူးနေတဲ့ တခြားလူတစ်ယောက်၊ မူးသာမူးနေပေမယ့် ကျွန်တော့်ဆီ တန်းတန်းမတ်မတ်ကို လာရင်း ဗလုံးဗထွေးနဲ့ တရစပ်ပြောလို့နေသည်။

τнє ωσrℓ∂ нє givєs мєWhere stories live. Discover now