Pg-5

4.6K 483 10
                                    

{Unicode}

နှိုးစက်အသံကြောင့် Tae Hyung တစ်ယောက် နိုးလာခဲ့သည် သူ့လက်မောင်းပေါ် အရာတစ်ခုတင်နေတာကို သတိထားမိပြီး ကြည့်လိုက်တော့ ခေါင်းလုံးလုံးလေး

"ဟုတ်သားဘဲ သူငါ့လက်မောင်းပေါ်မှာအိပ်ပျော်သွား
တာဘဲ နှိုးစက်မြည်တာတောင် သူမနိုးဘူးဘဲ"

ဒါကြောင့်Jkကိုလည်းမနိုးစေချင်တာကြောင့် ခေါင်းလေးကိုအသာအယာ သူ့လက်မောင်းပေါ်ကနေ ခေါင်းအုံးပေါ်ကိုတင်ပေးလိုက်တော့ 

"တော်သေးတာပေါ့ မနိုးဘူး"

Tae တစ်ယောက် ကုတင်ပေါ်မှJkမသိအောင်တိုးတိုးတိတ်တိတ်ဆင်းရန်ကြံစည်ပြီး ထလိုက်ခါမှ
အနောက်ကနေ ခါးကိုသိုင်းဖက်လာသောလက်တစ်စုံကြောင့်

"အစ်ကို မသွားပါနဲ့ ကျွန်တော်နဲ့ခဏလောက်တူတူထပ်နေပေးပါ အစ်ကို့ ကိုယ်သင်းနံ့လေးတွေကြားထဲမှာနေချင်သေးတယ် ဖက်ထားပေးပါ"

Jkပြောစကားကြောင့် Taeရှက်သွားမိတာအမှန်ပါ

"အမ် ထရတော့မယ်လေ မနက်စာစားရမယ် အခုချိန် ကားအမြန်မောင်းရင်ကျောင်းကိုအချိန်မှီသေးတယ်"

"ဟင့်အင်း မထချင်ဘူး ဒီတစ်ခုလေးတော့ဖြည့်ဆည်းပေးပါ အစ်ကိုရာ နော်"

ထိုကောင်လေး ငယ်ငယ်တုန်းကအတိုင်း တစ်ပုံစံထဲဘဲ
လိုချင်တာဆို ကျွန်တော့်ကိုမရရအောင်တောင်းတက်တာကျွန်တော်ကလည်းသူတောင်းဆိုတာမှန်သမျှ မငြင်းနိုင်ဘူးဆိုတာ သူသိနေတယ်လေ ဒါ့ကြောင့်လည်း အနိုင်ယူနေတာနေမှာ

"ဟုတ်ပြီ ဟုတ်ပြီ ခဏဘဲနော်"

ရင်ခွင်ထဲတိုးဝင်လာတဲ့ ယုန်ပေါက်လေးကို ကျွန်တော်ဖက်ထားပေးမိတယ် ခဏဆိုပေမဲ့ သူရင်ခွင်ထဲက မထွက်မချင်း ကျွန်တော်လည်းဖက်ထားပေးနေမိတယ်

ရင်ခွင်ထဲကကောင်လေးက ခေါင်းလေးမော့ကာကျွန်တော့်ကိုစကားပြောလာတယ်

"အစ်ကိုမှတ်မိသေးလား ငယ်ငယ်က ကျွန်တော့်အဖေ
ကျွန်တော့်ကိုရိုက်ပြီဆို အစ်ကိုအမြဲကာကွယ်ပေးခဲ့တာလေ အစ်ကိုတ်ို့အိမ်ပြောင်းသွားပြီးတဲ့နောက်ပိုင်း အရမ်းလွမ်းနေခဲ့တာ အရမ်းအထီးကျန်တယ် ကာကွယ်ပေးမဲ့သူလည်းမရှိခဲ့ဘူး"

Sugar Baby[Completed]Where stories live. Discover now