Pg-28

2.9K 202 15
                                    

{Unicode}

ကျွန်တော့်အချစ်ဆုံးလေးနဲ့မdateရတာ တော်တော်တောင်ကြာပြီဗျ ဘာလို့ဆို သူကအိပ်ခန်းထဲမှာဘဲခွေနေတာလေအပြစ်မမြင်ရက်ပါဘူး ကိုယ်ဝန်ဆောင်တယ်ဆိုတာမိန်းကလေးတွေအတွက်တောင် မလွယ်ကူတာ ကျွန်တော့်အချစ်ဆုံးက ယောက်ကျားလေးဖြစ်တာမို့ ပိုလို့တောင်သူ့အတွက်စိတ်ပူရသေးသည်

ရေကူးကန်ဘေးနားမှာ သစ်သားစားပွဲဝိုင်းလေးနဲ့ထိုင်ခုံနှစ်ခုသာထားထားပြီး ရိုးရိုးရှင်းရှင်းလေးပြင်ဆင်ထားသည် ဝိုင်တူတူသောက်ရန်ဝယ်လာသော်လည်း ကျွန်တော့်ရဲ့အချစ်ဆုံးလေးက ကျွန်တော့်သွေးသားလေးကိုလွယ်ပေးထားတာမို့ဝိုင်သောက်လို့မဖြစ်ပေ။

"အချစ်ဆုံးကလည်းကြာလိုက်တာ"

ဘယ်လောက်တောင်ပြင်ဆင်နေလဲမသိ။ ည၈နာရီတောင်ကျော်ပြီ အခုထိ အောက်ထပ်ကိုမဆင်းလာသေး။ရေကူးကန်ဒိတ်မို့လို့ ဂျွန်ကဘောင်းဘီအမဲရောင် အတိုလေးသာဝတ်ထားသည်။

"မောင်"

အချစ်ဆုံးရဲ့ခေါ်သံကြားတာနဲ့လှည့်ကြည့်လိုက်တော့
စကားတွေပါဆွံ့အသွားရသည်။ ခန္ဓာကိုယ်သွယ်သွယ်လေးမှာ ဇာအနီရောင် အပေါ်ထပ်လေးသာဝတ်ဆင်ထားသည်။ ဘောင်းဘီကလည်းတိုတိုလေးဖြစ်တာကြောင့် ပေါင်သားအလှက တော်တော်လေးကိုပေါ်လွင်နေသည်။

တစ်သားမွေးတစ်သွေးလှဆိုတဲ့အတိုင်း မွေးတောင်မမွေးရသေးဘဲနဲ့ကျွန်တော့်သွေးသားလေးကိုလွယ်ပေးထားတဲ့ အချစ်ဆုံးဟာ တကယ့်ကိုအလှနတ်ဘုရားအလား။

"လှလိုက်တာ အချစ်ဆုံးရယ်"

မျက်တောင်မခတ်ဘဲ မျက်လုံးအဝိုင်းသားနဲ့ သူ့ကိုကြည့်နေတဲ့မောင်က တကယ်ကိုချစ်စဖွယ်

"မောင်အဲ့လောက်စိုက်ကြည့်နေရင် သွားလဲလိုက်
တော့မှာနော်"

ဂျွန့်ရဲ့လည်ပင်းကိုသိုင်းဖက်ပြီး နှုတ်ခမ်းလေးထော်ကာ ချွဲနေတဲ့အချစ်ဆုံးကို အသဲယားလာတာကြောင့် ခါးသွယ်သွယ်လေးကို ပြန်ဖက်လိုက်ပြီး အနမ်းတွေပေးဖို့စတင်ပြင်ဆင်လိုက်တော့တယ်။

"အွန်း..အွန်း"

ဖွဖွလေးမနမ်းတက်ဘဲ အားရပါးရနမ်းတက်တဲ့ဂျွန်ကြောင့်သူ့အနမ်းတွေကိုတုန့်ပြန်ဖို့ အမှီလိုက်ရသေးသည်။

Sugar Baby[Completed]Where stories live. Discover now