Sugar Baby-Extra

3.5K 199 15
                                    

{Unicode}

"တင်းးးး"

ခေါင်းလောင်းတီးသံနဲ့အတူ သားသားတို့ကျောင်းလွှတ်ပြီပေါ့... အခုဆ်ိုသားသားနှစ်ယောက်က မူလတန်းတောင်ရောက်နေပြီလေ။

ဆံပင်တွေရှုပ်ပွကာထွက်လာတဲ့အငယ်လေးနဲ့အတူ ငိုပြီးထွက်လာတဲ့ အကြီးလေး။

ထယ်ယောင်းက သူတို့နှစ်ယောက်အနားအပြေးသွားကာ

"သားတို့ ဘာဖြစ်လာတာလဲ ပါပါးကိုပြောအုန်း"

"ရန်ဖြစ်လာတာ ပါပါး"

"ဒယ်ဒီ့သားလေးအနိုင်ရခဲ့လား"

ဂျွန်က အငယ်လေးကို အဲ့လိုပြောလိုက်တော့ ထယ်ယောင်းကနှုတ်ခမ်းကို ကိုက်ကာ မျက်စောင်းထိုးပြလိုက်တော့ငြိမ်ကျသွားပါလေရော..

"ပါပါးကို​ပြော ဘာလို့ရန်ဖြစ်လာတာလဲ ရန်ဖြစ်တာမကောင်းဘူးလို့ ပါပါးပြောထားတယ်လေ သားကကောဘာလို့ငိုနေတာလဲ"

အကြီးလေးကသိပ်ကိုအေးသည်။ဒါကြောင့်အနိုင်ကျငိ့ခံရမှာစိုးပေမဲ့ ရွယ်တူမို့လို့အတန်းတစ်ခုထဲတူတူကျကာ သူ့ညီလေးနဲ့တူတူရှိနေလို့စိတ်အေးရသည်။

"ကို့ကိုကိုအနိုင်လာကျင့်လို့သားကပြန်ထိုးလိုက်တာလေ"

"ဟုတ်လားသား အငယ်လေးပြောတာအမှန်လား"

ငိုနေတဲ့အကြီးလေးကတော့ တစ်ရှုံ့ရှုံ့နဲ့ငိုနေကာ ခေါင်းသာငြိမ့်ပြသည်။

"ကဲကဲမငိုနဲ့လာလာ ပါပါးဆီနှစ်ယောက်လုံးလား"

သားနှစ်ယောက်ရဲ့ပါးပြင်အိ့အိ့လေးတွေကို နစ်ဝင်အောင်ထိနမ်းလိုက်ပြီး

"ကဲ အငယ်လေးက ကိုကို့ကိုအနိုင်ကျင့်လို့ ကာကွယ်ပေးခဲ့တာပေါ့ဟုတ်လား ပါပါးသားလေးက အခုလို ကိုကို့အတွက်ကာကွယ်ပေးခဲ့လို့ ပါပါးကပျော်တယ်သိလား ဒါပေမဲ့နောက်ခါရန်မဖြစ်ရဘူးနော် ကို့ကိုကိုအနိုင်လာကျင့်ရင် ပါပါးတို့ကိုပြော မဟုတ်ရင် ဆရာမကိုသွားပြောဟုတ်ပြီလား ရန်ဖြစ်တာမကောင်းဘူး"

မောင်ကလက်ပိုက်ကာခေါင်းတငြိမ့်ငြိမ့်နဲ့ထောက်ခံနေသည်။

Sugar Baby[Completed]Where stories live. Discover now