Pg-21

3K 249 10
                                    

{Unicode}

"ဟင်"

ကတီပါဗူးလေးကိုဖွင့်ကြည့်မိလိုက်တော့ မြင်လိုက်ရတဲ့အရာလေးကြောင့် မျက်မှောင်နှစ်ခုကိုကျုံ့မိသည်

"ဒါက ဂျွန့်ဟာ ဘယ်လိုလုပ် ဖေဖေ့ဆီရောက်နေတာလဲ"

အိပ်ရာထဲလဲနေတဲ့ထယ်ယောင်းဖေဖေက သက်ပြင်းကိုချလိုက်ရင်း

"အဲ့ဒါ သူ့ရဲ့အဖေကြယ်သီးဘဲ"

သေချာတာပေါ့ စိန်တစ်လုံးနဲ့ကြယ်သီး အနောက်မှာလည်းJဆိုတဲ့စာသားလေးကပါအစစ်ပါသေးသည် ဂျွန်ကားပေါ်မှာတုန်းကပြောပြဖူးသည် ဒါသူ့ပါပါး သူ့က်ိုပေးခဲ့တာတဲ့လေ

"ပြောပါအုန်း ဒါကဖေဖေ့ဆီဘယ်လိုရောက်နေတာလဲ"

"အင်း အဖေတို့အိမ်ကြီးမီးလောင်သွားရတဲ့နေ့က ခြံထဲမှာကောက်ရတာဘဲ "

Tae Hyungအတွေးတွေရှုပ်ကုန်ရသည် ဘာကြောင့် ဂျွန့်ဖေဖေကြယ်သီးက ရှိနေရတာလဲ

"သားခေါင်းတွေရှုပ်ကုန်ပြီ"

"ရှုပ်စရာမလ်ိဘူး တရားခံက အဲ့ကောင်ရဲ့အဖေဆိုတာသေချာနေတာဘဲကို"

"ဘာလို့ဂျွန့်ဖေဖေက ဒီလိုလုပ်ရပ်မျိုးကိုလုပ်ရမှာလဲ"

"နောက်ကျောကထိုးတဲ့ဓားကအနာဆုံးဘဲသား"

"ဖေဖေ"

ကြယ်သီးလေးကိုလက်ထဲမှာတင်းတင်းဆုပ်ကိုင်ထားရင်း

"ကုမ္ပဏီကိုဆုံးရှုံးခဲ့ရတုန်းကသားကငယ်ငယ်လေးရှိသေးတာနော် အခုပြောပြဖို့အချိန်တန်ပြီ ကုမ္ပဏီကိုဆုံးရှုံးရတာကရော ဂျွန့်ပါပါးရဲ့ပရောဂတွေကြောင့်ဘဲလား"

ဖေဖေ့ဆီကမဟုတ်ပါဘူးဆိုတဲ့ အဖြေကိုကြားချင်ပေမဲ့ တကယ်တမ်းက

"သားသိချင်ရင်အကုန်ပြောပြမယ်"

အချိန်တော်တော်ကြာတဲ့အထိဖေဖေရှင်းပြတာတွေကို
နားထောင်နေမိတယ်

"သားငယ်ငယ်ကဆေးရုံတက်ရတာမှတ်မိသေးလား"

"အင်း"

"အဲ့တုန်းက ဖေဖေတို့ပိုင်ဆိုင်မှုတွေဆုံးရှုံးခဲ့ရတဲ့အချိန်ဆိုတာကောသိသေးလား"

Sugar Baby[Completed]Where stories live. Discover now