Pg-27

3K 219 26
                                    

{Unicode}

ကျွန်တော့်ရဲ့ဗိုက်ပူလေးက ၅လရှိပြီဆိုပေမဲ့
နဂိုထဲက ခန္ဓာကိုယ်က သွယ်သွယ်လေးမို့လားမသိ ဗိုက်လေးကဆူရုံလောက်သာဆူပြီး အရမ်းမထွက်။
ဒါပေမဲ့ အဲ့ဒီဗိုက်ဆူဆူလေးကိုရှက်နေတာက ကျွန်တော့်ရဲ့အချစ်ဆုံး။

ဗိုက်လေးပူထဲကအချစ်ဆုံးကို ကျွန်တော်က ပေါင်လောက်ထိဘဲရှည်တဲ့ အကျီပွပွလေးတွေသာ ဆင်ပေးသည်။ အချစ်ဆုံးကလည်း သက်သောင့်သက်တာရှိလို့လားမသိ သူကလည်းနေ့တိုင်း အဲ့လိုလေးတွေသာဝတ်သည်။

အကျီလေးကိုအပေါ်လှန်လိုက်ပြီး ဗိုက်လေးကိုတစ်ဖွဖွသွားနမ်းတော့ အချစ်ဆုံးက ခေါင်းကိုတွန်းလာတယ်။

"မောင် ယားတယ်"

"မောင့်ရဲ့ဗိုက်ပူလေးက တစ်နေ့တစ်ခြားပိုပိုလှလာတယ်"

"ဗိုက်ပူလို့မခေါ်နဲ့  တစ်မျိူးကြီးဘဲ"

အကျီကိုအတင်းဆွဲချပြီး အချစ်ဆုံးက ဆန့်ကျင်ဘက်ကိုလှည့်သွားလေရဲ့

"ဗိုက်ပူလေးမို့လို့ ဗိုက်ပူလိူ့ခေါ်တာကို"

"ဟာ မောင်ကွာ"

"စတာပါ စတာပါ ဒီဘက်လှည့်ပါအုန်း မောင့်အချစ်ဆုံးလေးရဲ့"

သူပါကုတင်ပေါ်တက်သွားပြီး စိတ်ကောက်နေတဲ့အချစ်ဆုံးလေးကို ရင်ခွင်ထဲထည့်လိုက်တော့

"မောင်"

"ဗျ"

"နောက်လေးလဘဲလိုတော့တယ်နော် "

"အင်း မောင်တော့အခုထဲကရင်တွေခုန်နေပြီ"

"ထယ့်ကိုမချစ်တော့ရင်ဘယ်လိုလုပ်မလဲ"

"အချစ်ဆုံးရယ် ဘယ်လိုတွေမေးလိုက်တာလဲ"

"ဟုတ်တယ်လေ အခုတောင်ဗိုက်လေးကပူလာလို့ ဗိုက်ကအကြောနီနီလေးတွေတောင်ပေါ်နေပြီ မွေးပြီးလို့ မလှတော့ရင်ကော"

"မောင့်အမြင်မှာတော့လေ ဗိုက်ပေါ်ကအကြောလေးတွေနဲ့မောင့်ရဲ့အချစ်ဆုံးက ပိုပြီးတောင်လိုက်နေသလိုဘဲ လာထ"

ရုတ်တရက် ထိုင်ခိုင်းလိုက်ပြီး သူကကုတင်ပေါ်ကထသွားတာကြောင့် ကြောင်သွားပေမဲ့ Lotion ဘူးယူပြီးပြန်လာတာကြောင့်

Sugar Baby[Completed]Where stories live. Discover now