Pg-17

3.4K 298 21
                                    

UNICODE

ဆွဲခေါ်လိုက်တဲ့လက်တစ်စုံကြောင့် ခန္ဓာကိုယ်တစ်ခုလုံးပေါ့ပေါ့ပါးပါးနဲ့ သူ့ဆီပါသွားခဲ့တယ် toilet ကိုlockချလိုက်ရင်း toieltအဖုံးကိုပိတ်လိုက်ကာ Jeonကထိုင်လိုက်တယ်Tae Hyungရဲ့ခါးလေးကိုဆွဲကိုင်လိုက်ရင်း သူ့ပေါင်ထက်ဝယ် ခွလျက်အနေအထားနဲ့ ထိုင်ခိုင်းစေလိုက်သည်

နှစ်ယောက်သားအနေအထားက တစ်ယောက်အသက်ရှူသံတစ်ယောက်ကြားနေရလောက်တဲ့အထိမျက်နှာချင်းဆိုင်ကိုမှနီးကပ်လွန်းတယ်

အချိန်တော်တော်ကြာတဲ့အထိနှစ်ယောက်လုံး ဘာစကားမှမပြောနိုင်ဘဲ တစ်ဦးကိုတစ်ဦးစိုက်ကြည့်နေမိခဲ့တယ်

"Jeon.. Jeonအစစ်ပါနော်"

မျက်ရည်လေးတွေနဲ့သူ့နာမည်ကိုရေရွတ်လာတဲ့အစ်ကို အစ်ကို့ရဲ့နှုတ်ခမ်းပါးလေးတွေဆီကနေ ကျွန်တော့်ရဲ့နာမည်ကို ကြားချင်နေတာဘယ်လောက်ကြာပြီလဲသိရဲ့လား

Jeonက လက်ဖဝါးနှစ်ဖက်နဲ့ Tae Hyungမျက်နှာလေးကိုအုပ်မိုးပြီးကိုင်လိုက်ကာ

"လွမ်းတယ် အရမ်းလွမ်းနေခဲ့တာ ဒီမျက်နှာလေးကို
ဘယ်လောက်လွမ်းနေခဲ့လဲသိလား "

ငိုထားလို့တုန်ရီနေတဲ့Taeရဲ့နှုတ်ခမ်းလေးတွေကိုနမ်းလိုက်တယ် Jeonရဲ့လည်ပင်းကိုလက်နှစ်ဖက်နဲ့သိုင်းဖက်လာတဲ့Taeကလည်းမျက်လုံးအစုံမှိတ်ထားကာ အနမ်းတွေကိုတုံ့ပြန်နေမိတယ်

ဒီချစ်သူနှစ်ယောက်ဘယ်လောက်တောင်ဝေးခဲ့ရလဲ
တစ်ယောက်နဲ့တစ်ယောက်ဘယ်လောက်တောင်အကြာကြီးမထိတွေ့ဘဲနေခဲ့ရလဲဆိုတာ

အသံမြည်အောင်ထိနမ်းနေမိတဲ့နှုတ်ခမ်းနှစ်စုံကသက်သေပြနေသည်

စက္ကန့်၄၀လောက်ထိကြာအောင်နမ်းပြီးမှ နှုတ်ခမ်းနှစ်ခုခွါလိုက်ကာ နှဖူးနှစ်ခုကိုထိထားလိုက်ရင်း အသက်ပြင်းပြင်းရှုနေကြတယ်

ရှုထုတ်လိုက်တဲ့လေပြေတွေက တစ်ယောက်မျက်နှာ
တစ်ယောက်ထက်ဝယ်ပြေးလွှားနေရင်း

Jeonရဲ့မျက်ဝန်းတွေကိုစိုက်ကြည့်လိုက်ကာ

"ဘယ်တွေရောက်နေတာလဲ ဘာလို့ထားခဲ့တာလဲ အနည်းဆုံးဖုန်းလေးဘာလေးဆက်ပါလား ဘာလို့လဲ
ဘာလို့ဘာတစ်ခုမှမပြောခဲ့ဘဲ အဆက်အသွယ်ဖြတ်သွားရတာလဲ "

Sugar Baby[Completed]Where stories live. Discover now