Pg-14

3K 287 21
                                    


UNICODE

သူ့အတွက်ဆိုပြီးလက်ဆောင်ဝယ်ပေးထားတဲ့စံအိမ်ကြီးမှာအခုလိုမျိုး နာနာကျင်ကျင်နဲ့တစ်ယောက်ထဲနိုးထလာရမယ်လို့ဘယ်တုန်းကမှမတွေးမိခဲ့ဘူး

သူ့အကြောင်းခေါင်းထဲရောက်လာတာနဲ့ငိုမိပြန်ပြီ
မျက်ရည်တွေကိုသုတ်ရင်း Tae Hyungပြုံးလိုက်ကာ

"အိမ်မက်ထဲကိုတော့လာခဲ့သားဘဲနော် "

ညကအိမ်မက်ထဲမှာJeonကကျွန်တော့်ကို မျက်ရည်တွေသုတ်ပေးနေတယ် Jeonကကျွန်တော့်ကိုသိပ်ချစ်တာဘဲမလား...

"တီ ..တီ"
ဖုန်းဝင်လာတာကြောင့် သူ့ဆီကလားဆိုတဲ့မျှော်လင့်ချက်လေးနဲ့ အမြန်ကိုင်မိပေမဲ့ မျှော်နေရသူဆီကမဟုတ်ခဲ့...

"ဘာကိစ္စရှိိလို့လဲ nonna"

"ကျောင်းမတက်ဘူးလားမေးမလို့ ဒီနေ့မင်းအိမ်ရှေ့
စောင့်နေသေးတယ် အထဲမှာလူမရှိတော့ စိတ်ပူနေတာ"

"ကျွန်တော်တစ်နေရာမှာရှိနေတာပါ ကျောင်းကိုဒီနေ့တစ်ရက်ခွင့်တိုင်ပေးပါ လာဖို့အဆင်မပြေတော့လို့"

"မင်းအခုဘယ်မှာလဲ nonnaလာခဲ့မယ်လေ"

"ရတယ် ကျွန်တော်အဆင်ပြေတယ်"

"အင်းအင်း "
.
.
.

"အခုဆိုသူနိုင်ငံခြားကိုရောက်နေပြီပေါ့"

ပြန်ဆုံနိုင်ပါ့မလားဆိုတဲ့အတွေးတွေကတစ်ချိန်လုံးခြောက်လှန့်နေခဲ့တယ်

.
.
.
Koreaနဲ့Italy အချိန်က၇နာရီကွာတာကြောင့် အချိန်ပြောင်းလဲမှုကြောင့် လူကနုံးနေတယ်

Private Flight နဲ့သွားတာကြောင့် ထွေထွေထူးထူးတော့မရှိ ပါပါးလွှတ်လိုက်လို့ သူ့လူတွေ ကျွန်တော့်ကိုလာကြိုတယ်

"သခင်လေး အိမ်ကိုအရင်သွားမလား"

"ပါပါးကအခုဘယ်မှာလဲ သူရှိတဲ့ဆီကိုမောင်းပေး"

အမိန့်အတိုင်းမောင်းခဲ့ရတော့ လမ်းမှာ၃နာရီ
လောက်တော့ကြာခဲ့တယ် လမ်းတစ်လျှောက်မြင်ကွင်းတွေကလှလွန်းတာမို့ သဘာဝရှုခင်းတွေကိုမြတ်နိုးတဲ့အစ်ကို့ရဲ့ပုံရိပ်လေးကမျက်လုံးထဲအထင်းသားပေါ်လာခဲ့တယ်

Sugar Baby[Completed]Where stories live. Discover now