Pg-13

3.1K 297 12
                                    

{Unicode}

"ထယ်ယောင်း ထစမ်း အဲ့လိုကောင်အတွက် ကြေကွဲမနေနဲ့ မင်းရှင်းပြတာကိုတောင်သူနားထောင်ပေးခဲ့လား"

Yoonji ဆက်တိုက်စကားတွေပြောနေပေမဲ့Tae Hyung
နားထဲဘာမှမကြားနိုင်တော့ပါ

"ကျောင်း ဟုတ်တယ် သူကျောင်းကိုလာမှာဘဲ သူ့ကိုအဲ့မှာတွေ့ရမယ် ရှင်းပြရအုန်းမယ် တောင်းပန်ရအုန်းမယ်"

မျက်ရည်တွေနဲ့ ပြိုလဲနေရာမှထကာ မျှော်လင့်ချက်ရောင်ခြည်လေးသန်းလာတာမို့ ဘတ်စ်ကားမှတ်တိုင်ကိုသာအပြေးထွက်သွားမိတယ်

ကျောင်းကိုရောက်လာခဲ့ပြီ ကျောင်းဝင်းထဲကကားထားတဲ့နေရာကိုလှမ်းကြည့်လိုက်တော့ 9999 နံပါတ်နဲ့ကားအမဲရောင်ကိုတွေ့တော့ သူစိတ်သာရာရသွားသည်

"ဒါJeonကားဘဲ "

စာသင်ခန်းထဲမှာရှိလောက်မယ်အထင်နဲ့ ပြေးတက်သွားလိုက်တော့ Jeonရဲ့ခုံနေရာလေးကလွတ်နေတယ် ဒါကြောင့် ခေါင်မိုးပေါ်သွားကြည့်တော့လည်းမရှိဘူးဘယ်နေရာမှထပ်ရှာရမလဲ သူမတွေးနိုင်တော့ဘူး
ကားကိုတွေ့ခဲ့တယ် ဒါကြောင့် ဒီကျောင်းထဲမှာJeonရှိနေမှာအသေအချာဘဲကျောင်းတစ်ကျောင်းလုံးနှံ့သွားခဲ့ပြီ Jeonကိုမတွေ့ခဲ့လက်လျှော့လိုက်ရတော့မှာလား Jeonကကော ဘယ်ရောက်နေတာလဲ

.
.
.
ကျောင်းအုပ်ကြီးရုံးခန်းမှထွက်လာတဲ့Jeon
ကွင်းပြင်မှာ ပြေးလွှားနေတဲ့Tae Hyungကိုမြင်တော့
နှလုံးသားလေးက တစ်ဆစ်ဆစ်နာကျင်ရတယ်

"သူငါ့ကိုရှာနေတာများလား"
ကိုယ့်အတွေးကို ကိုယ်ရီနေမိတယ် မဖြစ်နိုင်တာတွေတွေးမိလို့

ကားပေါ်ပြန်တက်သွားရင်း ကျောင်းကိုလည်းအပြီးတိုင်နှုတ်ဆက်ခဲ့တယ် ချစ်ရတဲ့လူသားလေးကိုလည်း အဝေးကနေ နှုတ်ဆက်ခဲ့ရင်းပေါ့

နာကျင်လို့ကျခဲ့တဲ့မျက်ရည်တွေကိုတော့ ကာယံကံရှင်သာအသိဆုံးဖြစ်ခဲ့တယ်

.
.
.
တစ်ကိုယ်လုံးချွေးတွေနဲ့စိုရွှဲနေတဲ့Tae Hyungကို
ဆရာကမြင်တော့
"Tae Hyung ဘယ်လိုဖြစ်လို့ တစ်ကိုယ်လုံးချွေးတွေနဲ့ဖြစ်နေရတာလဲ"

မောလွန်းလို့ အသက်ကိုလုရှူရင်း
"Jung Kook သူ့ကိုရှာနေတာ ခုထိမတွေ့သေးလို့
အရေးကြီးပြောစရာရှိလို့"

Sugar Baby[Completed]Where stories live. Discover now