Pg-30{Final}

5.1K 222 14
                                    

{Unicode}

မွေးခါစတုန်းက အမြွှာနှစ်ယောက်က ဂျွန်နဲ့တစ်ပုံစံတည်းမိတ္တူကူးထားသလို တူသလောက် တစ်ဖြေးဖြေးအရွယ်ရောက်လာတာနဲ့ အကြီးလေးက ထယ်ယောင်းနဲ့ပိုပိုတူလာတယ်။ အခုဆို၉လရှိပြီပေါ့. တော်တော်လေးကိုရုပ်လုံးလေးပေါ်နေပြီ။

"မောင်ရေ ဂျောင်ဟွန်းလေးက နို့သိပ်မသောက်ဘူးနော် သတိထားမိလား"

အမြွှာလေးနှစ်ယောက်နာမည်ကို နှစ်ဦးသဘောတူ
အကြီးလေးကို"ကင်မ်ဂျောင်ဟွန်း" အငယ်လေးကို
"ကင်မ်ဂျွန်ဝူး"လို့ပေးခဲ့ခြင်းဖြစ်သည်။

အရှေ့နာမည်ကို "ဂျွန်"လို့မထည့်ဘဲ "ကင်မ်"လို့ထည့်လိုက်ရတာ မောင့်သဘောသာဖြစ်သည်။ အသက်နဲ့ရင်းပြီးမွေးပေးထားလို့ အချစ်ဆုံးနာမည်သာ ထည့်ပါတဲ့။ 

"ဟုတ်တယ်ချစ်ဆုံး ဂျွန်ဝူးလေးကတော့ အသေဆွဲတယ်နော်"

မေမေကနေ့တိုင်းလိုလို အမြွှာနှစ်ယောက်ကို လာလာထိန်းပေးသည်။ ဂျွန်ကတော့မေမေ့ကိုအပို့အကြိုလုပ်ပေးရတာပေါ့။

အရင်ကဆို ကျွန်တော် ဂျွန်ဂျောင်ကုရဲ့ တစ်နေ့တာက
အချစ်ဆုံးကိုချစ်မယ် ဂရုစိုက်မယ် လိုချင်တာဖြည့်ဆည်းပေးမယ်။ အခုတော့အသေးလေးနှစ်ကောင်တိုးလာတော့သူတ်ို့ကပါ ကျွန်တော့်တစ်နေ့တာကို နေရာယူလာပြီလေ။

ယောက်ကျားလေးဆိုတဲ့အတိုင်း အငယ်လေးကဆော့လိုက်တာမှလွန်ရောဗျာ။ တွေ့ကရာ ပါးစပ်ထဲကောက်ထည့်လို့ကျွန်တော့်မှာ မျက်စိဒေါက်ထောက်ကြည့်နေရတာ။

အကြီးလေးကတော့ ငြိမ်နေရော။ အချစ်ဆုံးက အကြီးလေးနဲ့ကုတင်ပေါ်မှာ အမြဲ အေးဆေးဘဲ။နို့ဘူးတိုက်လိုက် ချော့သိပ်လိုက်။ သိပ်လည်းမငိုဘူး။

အငယ်ကောင်ကတော့ တကယ့်ကိုအဆ်ိုးလေးဗျာ။ ဒီအရွယ်လေးနဲ့လိုချင်တာမရရင် အသံကုန်အော်ပါလေရော။

ဒီပေါက်စနှစ်ယောက်ကိုတကယ်ချစ်မဝပါဗျာ။ ကိုယ့်
အသွေးအသားလေးမို့လားမသိဘူး တုန်နေအောင်ကိုချစ်ရတာ။ ဒါပေမဲ့လေသိလား ကလေးမွေးပြီးထဲက အချစ်ဆုံးနဲ့ကျွန်တော် နှစ်ယောက်ထဲသီးသန့်အချိန်ဆိုတာရှားသွားတယ်ဗျ။

Sugar Baby[Completed]Where stories live. Discover now