Pg-22

3.1K 250 22
                                    

{Unicode}

သတ်ိလစ်သွားတဲ့Tae Hyungကို ပွေ့ချီလိုက်ရင်း ကားဆီကိုသာအမြန်ပြေးလာတော့ ထယ့်မေမေကအသည်းအသန်ဖြစ်နေတဲ့ဂျွန်ရယ် ချီထားတဲ့ထယ့်ကိုမြင်ပြီး

"ဘာဖြစ်တာလဲ ဘယ်သွားမလို့လဲ"
ရှင်းပြဖို့အချိန်မရှိတာကြောင့် ထယ့်မေမေရဲ့မေးခွန်းကိုလျစ်လျူရှုလိုက်ရင်း နောက်မှအေးဆေးရှင်းပြမယ်ဟုတွေးကာ ထားခဲ့လိုက်တယ် အခုအချိန်မှာအရေးကြီးဆုံးကသူ့ရဲ့အချစ်ဆုံးပင်

ဆေးရုံသို့သာတစ်ခါထဲသွားရသည်
နယ်မြို့လေးဖြစ်တာကြောင့် ဆေးခန်းဆိုတာရှားသည်
ဒါကြောင့် မြို့ပေါ်ပြန်ရောက်ဖို့၁နာရီလောက်မောင်းရအုန်းမည် ကားကိုသာမောင်းနေပေမဲ့ ဘေးကသတိလစ်နေတဲ့ထယ့်ကိုလှည့်လှည့်ကြည့်ရတာ အမော စိတ်ကလည်းပူရသေးသည် ကားကိုလည်းအရှိန်တင်မောင်းရင်း အန္တရာယ်ကိုလည်းကြည့်ရှောင်ရသေးသည်

ဆေးရုံအဝင်ဝရောက်ထဲက ပြာပြာသလဲလဲနှင့်ဂျွန်ကိုမြင်တော့ ဆေးရုံကတာဝန်ကျတဲ့သူနာပြုနဲ့ဝန်ထမ်းတွေပြေးလာကြသည်လက်ထဲမှာချီထားတဲ့ ထယ့်ကို ကုတင်ပေါ်တင်ပေးလိုက်ရင်းအနောက်ကသာပြေးလိုက်သွားရသည်

"ဘာဖြစ်တာလဲ"
သူနာပြုကမေးတော့

"မသိဘူး ရုတ်တရက် လဲကျသွားတာ"

"ဟုတ်ပြီ ဒီမှာစောင့်နေ"

ဆေးစစ်မို့ထင်ပါရဲ့ ဆရာဝန်တွေကောသူနာပြုတွေပါအခန်းထဲကို ထယ်နဲ့အတူဝင်သွားသည်

အပြင်မှာစောင့်နေတဲ့ဂျွန်ကထိုင်မရထမရ ဘာကြောင့်မူးလဲသွားမှန်းမသ်ိတော့ပိုလို့တောင် ရင်ပူရသည် ဆရာဝန်ထွက်လာပြီး ဘာဖြစ်လဲပြောမယ်ဆိုတာကိုသာစိတ်ရှည်ရှည်ရင်ပူပူနဲ့စောင့်နေရသည်

နောက်တော့သူနာပြုမလေးကထွက်လာတယ်

"လူနာနဲ့ပါလာတဲ့လူလား"

"ဟုတ်ပါတယ်"

"ဆရာဝန်ကစကားပြောချင်လို့ ဝင်ခဲ့ပါရှင့်"

သူနာပြုလေးခေါ်တဲ့နောက်ကိုလိုက်သွားရင်း ဓာတ်မှန်ရိုက်တဲ့အခန်းထဲရောက်တော့ ကုတင်ပေါ်မှာ ထယ်ကပက်လက်လေးမျက်လုံးလေးမှိတ်နေရင်းနဲ့

Sugar Baby[Completed]Where stories live. Discover now