Pg-29

3K 220 14
                                    

{Unicode}

"မောင် ကုမ္ပဏီမသွားဘူးလား"

မီးဖိုချောင်ထဲတွင် အချစ်ဆုံးသောက်ဖို့အတွက်ဆိုကာ နွားနို့ကျိုနေတဲ့မောင့်ကို လှမ်းမေးလိုက်တော့

"အော် အချစ်ဆုံးရယ် အချစ်ဆုံးလကရင့်နေပြီလေ မောင်ကအချစ်ဆုံးကိုအိမ်မှာတစ်ယောက်ထဲထားခဲ့ပြီး
ကုမ္ပဏီကိုဘယ်လိုလုပ်စိတ်ဖြောင့်ဖြောင့်နဲ့သွားနိုင်မှာလဲ"

"ခ််ခ် မောင်ကသိပ်အကဲပိုတာဘဲ"

"တကယ်ပြောတာပါဗျာ ရော့ ပူပူနွေးနွေးလေးသောက်လိုက်အုန်း"

မောင်ကျိုပေးထားတဲ့နွားနို့လေးကိုသောက်ရင်းဗိုက်လေးကိုပွတ်ကာ

"မောင် သားလေးလား သမီးလေးလားမသိဘူးနော်"

"မောင်လည်းသိချင်လာပြီ"

"မောင်ကဘာလေးလိုချင်တာလဲ"

"မောင့်အသွေးအသားလေးဘဲကို ဘာလေးဘဲဖြစ်ဖြစ်မောင်ကတုန်နေအောင်ချစ်မှာ"

"ဘေဘီလေးကိုတုန်နေအောင်ချစ်မှာဆိုတော့ ထယ့်ကိုဘယ်ချစ်နိုင်တော့မလဲနော်"

ကြံဖန်ပြီး နှုတ်ခမ်းလေးထော်ကာရစ်နေတဲ့ဗိုက်လုံးလုံးပိုင်ရှင်လေးရဲ့ ပါးလေးကိုတစ်ဖွဖွနမ်းလိုက်ရင်း

"အချစ်ဆုံးသိထားဖို့က မောင့်အတွက်အချစ်ဆုံးကနံပါတ်တစ်ဘဲ"

"တိုးတိုးပြောလေမောင်ရဲ့"

"ဘာလို့လဲ"

"တော်ကြာ ဗိုက်ထဲကဘေဘီလေးကြားသွားလို့ မောင့်ကိုစိတ်ဆိုးနေအုန်းမယ်"

အဲ့လိုပြောတော့မောင်ကရီတယ်။

"မောင်အလုပ်လုပ်လိုက်အုန်းမယ်နော် အချစ်ဆုံးအနားမှာဘဲရှိတယ် တစ်ခုခုလိုရင်ခေါ်လိုက်"

"ဟုတ်ပြီ မောင်"

ညကိုမှအခုက ၉နာရီလောက်ပေါ့ အချစ်ဆုံးကအရင်ကဆိုညလုံးပေါက်နေ ဂိမ်းဆော့ ကျွန်တော်ကသူ့ဘေးနားထိုင်စောင့် တူတူဆော့ပေးရပေါ့ဗျာ ဒါမဲ့ ကျွန်တော့်အသွေးအသားလေးကိုလွယ်ထားပေးပြီးနောက်ပိုင်း သတိထားမိလာတာကသူညဆိုစောစောအိပ်ပျော်ပျော်သွားတာ ဂိမ်းတွေ တီဗီတွေဆိုတာလည်းသိပ်မကြည့် မဆော့လောက်ဘဲ။အခုလည်း
ကုတင်ပေါ်က အချစ်ဆုံးအသံမကြားတော့ လှည့်ကြည့်လိုက်တာ အိပ်ပျော်နေလေရဲ့။ကုတင်ဘေးက နွားနို့ခွက်လေးကိုကြည့်လိုက်တော့ နွားနို့တော့ကုန်အောင်သောက်သွားတာဘဲ။ အစားအသောက်ကျ စိတ်ချရသည်။

Sugar Baby[Completed]Where stories live. Discover now