Pg-11

3.1K 306 5
                                    


UNICODE

စာသင်ချ်ိန်ပြီးတာ၄ချိန်တောင်ကျော်ပြီ
အစ်ကို့ဘက်မှ ကျွန်တော့်ဆီကို မျက်စလေး တစ်ချက်တောင်ငဲ့မကြည့်ခဲ့ပါ တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းတွေရယ် ငိုထားလို့ဖောင်းအစ်နေတဲ့မျက်လုံးလေးတွေရယ်

ကျွန်တော်သိတယ် အစ်ကိုက ငယ်ငယ်ထဲက သူ့မာနကိုထိခိုက်ခံတာမဟုတ်ဘူး အစ်ကိုက သူ့ကိုယ်သူ အရမ်းတန်ဖိုးထားတာ အဲ့အချက်တွေကြောင့်လည်း ငယ်ငယ်ထဲကကျွန်တော်သဘောကျခဲ့ရသည်မဟုတ်လား

အခုကျွန်တော့်ကြောင့် ကျွန်တော်နှင့်တွဲခဲ့တာကြောင့်
သူအပြောခံနေရပြီ ကျွန်တော့်အမှားပါ

စာသင်ချိန်၄ချိန်ပြီးရင် မုန့်စားဆင်းချိန် ၁၅မိနစ်ပေးတာကြောင့် ထိုအားလပ်ချိန်လေးမှာ အစ်ကို့နားသွားပြီးအစ်ကို့အား ချော့ရန် ချဉ်းကပ်လိုက်သည်

"အစ်ကို မုန့်တစ်ခုခုစားလေ မနက်ထဲက ဘာမှမစားရသေးတာ ဗိုက်အောင့်မှာပေါ့"

ဘာမှတုန့်ပြန်မလာတဲ့အစ်ကို

"အစ်ကိုတစ်ခုခုဖြေအုန်းလေ ဘာတွေဖြစ်နေတာလဲ
ကျွန်တော့်ကိုပြောပြမှ ကျွန်တော်ဖြေရှင်းပေးလို့ရမှာပေါ့"

ထိုအခါမှ ငိုထားလို့ဖောင်းနေတဲ့မျက်လုံးလေးတွေနဲ့စိုက်ကြည့်လာကာ

"ကလေး ..."

သူပြန်ခေါ်ပြီ "ကလေး"တဲ့

"ပြောလေ hyung ပြောပါ"

"ကိုယ်တို့ ဒီမှာတင်ရပ်ရအောင်"

Tae Hyung၏နှုတ်မှထွက်လာသော အေးစက်စက်
စကားလုံးများကြောင့် Jeonတစ်ယောက်ဘာမှပြန်မပြောနိုင်လောက်အောင် ဆွံ့အသွားမိသည်

မနေ့တစ်နေ့ကတင် သူတို့အများကြီးပျော်ခဲ့ရတယ်မလားရင်ခွင်ထဲမှာလည်းရှိခဲ့ရတယ်လေ Hyung ကိုယ်တိုင်ကိုကကျွန်တော့်အချစ်တွေကို လိုလိုလားလားလက်ခံခဲ့သည်မဟုတ်လား

လွယ်အိတ်လွယ်ကာ ရုတ်တရက် စာသင်ခန်းထဲမှထွက်သွားသောအစ်ကို

အစ်ကိုရဲ့ခုံအရှေ့မှာ ဒူးထောက်ရင်း ကျန်ခဲ့သော ကျွန်တော်

Sugar Baby[Completed]Where stories live. Discover now