Pg-18

3.7K 289 29
                                    

{Unicode}

ဝေးခဲ့ရတယ် တစ်နှစ်နီးပါး အဆက်အသွယ်မရှိစာလေးတစ်စောင်နဲ့တောင်ဆက်သွယ်လို့မရခဲ့ဘဲ အဆက်အသွယ်ပြတ်ခဲ့ရတယ် စဉ်းစားကြည့်စမ်း အခုပြန်တွေ့ကြပြီဆိုတော့ ဘယ်လောက်တောင်အလွမ်းသယ်ကြမလဲ

ညနေစောင်းပန်းခြံထဲမှာမတ်တပ်ရပ်ပြီး ပန်းတွေကိုငေးမောနေတဲ့Taeကိုနောက်ကျောကနေ ခါးလေးကိုတင်းတင်းကျပ်ကျပ်ဖက်လိုက်ပြီးမေးလေးကို ပခုံးပေါ်တင်ထားကာမျက်စိလေးကိုပါမှိတ်ထားလိုက်တယ်

ခါးပေါ်မှာဖက်ထားတဲ့Jeonရဲ့လက်တွေကို သူ့ရဲ့လက်ချောင်းသွယ်သွယ်လေးတွေနဲ့ပြန်ပွတ်ပေးလိုက်တယ်

ခါးလေးကိုဖက်ထားရင်းနဲ့ဘဲစကားတွေစပြောဖြစ်တယ်

"အစ်ကို အများကြီးလွမ်းနေခဲ့ရတာသိလား အစ်ကို့အကြောင်းစုံစမ်းဖို့ korea မှာလူလွှတ်ထားခဲ့တာ"

"ဟုတ်လား မင်းကလူဆိုးလေးဘဲ ပိုက်ဆံရှိတယ်ဆိုပြီးလုပ်ချင်ရာလုပ်နေတာလား "

"အင်း italyမှာနေခဲ့ရတဲ့၈လကျော်လုံးလုံး အစ်ကို့ကို
သတိမရတဲ့နေ့ဆိုတာမရှိခဲ့ဘူး"

"ဆက်သွယ်ပါလား အရူးလေးရဲ့ ဒီမှာတော့မင်းဘယ်သွားလဲတောင်မသိရတော့ စဉ်းစားကြည့်စမ်း ကိုယ့်မှာအရူးတစ်ပိုင်းဘဲ"

"အင်း တောင်းပန်ပါတယ် နောက်တစ်ခါအခုလိုထွက်မသွားတော့ဘူးနော်"

"အွန်း ကိုကောဘဲ ကိုယ့်ကလေးလေးနားမှာဘဲအမြဲရှိနေပေးတော့မယ် ကျန်တာဂရုမစိုက်ဘူး ပြောချငိတဲ့သူပြော"

ဖက်ထားတဲ့လက်အစုံကို အစ်ကို့ရဲ့ခါးကြားထဲမှထုတ်လိုက်ရင်း မျက်နှာချင်းဆိုင်လိုက်တယ်

"အစ်ကို"
လတွေအကြာကြီးကြာပြီးမှပြန်တွေ့ရတော့ ရှက်နေတဲ့အစ်ကိုကသူ့မျက်နှာကိုမကြည့်
"ကျွန်တော့်ကိုကြည့် သေချာကြည်"

မျက်ဝန်းချင်းနှစ်ခု အကြည့်ချင်းဆုံပြီးမှJeonက
"အချစ်ဆုံး "

"ဟင်"

"အချစ်ဆုံးလို့ "

"ဘာတွေပြောနေတာလဲဟင်"

"ခေါ်နေတာလေ ပြန်ထူးလေ အချစ်ဆုံးရဲ့"

Jeonရဲ့ပြောစကားကိုသဘောကျစွာနဲ့တစ်ခစ်ခစ်ရီလိုက်ရင်း
"ပြောပါဗျ"

Sugar Baby[Completed]Where stories live. Discover now