Pg-12

3.2K 300 36
                                    


UNICODE

ပန်းခြံထဲမှာငိုနေရင်းရုတ်တရက် မဲမှောင်ကာ ရွာချလာတဲ့မိုးကောင်းကင်ကြီး..

သည်းကြီးမဲကြီး ရွာချနေလိုက်တာ

အခုလိုမိုးတွေပြင်းထန်နေတာကြောင့် ...
Jeon သူ့အားစံအိမ်ကြီးကိုခေါ်သွားတုန်းက ညဘက် မိုးတွေရွာကာမိုးကြိုးတွေလဲပစ်တာကြောင့် ရင်ခွင်ထဲလာလို့ရမလားဆိုပြီးတောင်းဆိုလာတဲ့ကောင်လေးကိုသူမြင်ယောင်မိလာပြန်တယ်

ကလေးငယ်ရဲ့မျက်နှာကိုမြင်ယောင်မိလိုက်တိုင်း
တစ်ကိုယ်ကောင်းဆန်လွန်တဲ့ ကိုယ့်လုပ်ရပ်ကိုသာ အပြစ်တွေတင်မိတယ်

"အခုလည်းမိုးတွေရွာ မိုးကြိုးတွေပြစ်နေပြီ သူကော
အဆင်ပြေပါ့မလား အားကိုးတစ်ကြီးနဲ့ငါက သူ့ကိုရင်ခွင်ထဲထည့်ထားပေးရမှာမလား ငါဘာတွေလုပ်နေလဲ"

ဖုန်းဆက်ကြည့်ရင်ကောင်းမလားဟုတွေးကာဖုန်းကိုထုတ်ကိုင်မိသည်

"မဖြစ်သေးပါဘူး ငါအချိန်ယူရအုန်းမယ်"

.
.
.
Tae Hyungထားသွားထဲက မလှုပ်မယှက်စာသင်ခန်းထဲကျန်ခဲ့တဲ့ကောင်လေး စာသင်ခန်းထဲမငိုမိအောင်မျက်ရည်တွေကိုထိန်းရင်း လက်သီးကိုလည်းကျစ်ကျစ်ဆုပ်ထားသေးသည်

。。。。。。。。。。。。。。。。。。。。。。。。

ပန်းခြံထဲမှာအချိန်ကုန်လိုက်ရင်း တဖြည်းဖြည်းနေရောင်မရှိတော့ဘဲ မှောင်စပြုလာတာကြောင့် Busလည်းမရှိတော့တာကြောင့်တက္ကစီကိုသာဖုန်းထဲကနေလှမ်းခေါ်လိုက်ရတော့တယ်

အိမ်ပြန်ရောက်တော့ အိမ်ပေါက်ဝမှာ ရပ်နေတဲ Yoonji

"ဟင် nonna ဘယ်လိုဖြစ်လို့ရောက်နေတာလဲ"

"ကျောင်းမှာရုတ်တရက် စာသင်ချိန်မပြီးသေးဘဲ
ထွက်သွားတယ်ဆိုလို့စိတ်ပူနေတာ ကျောင်းဆင်းထဲကဒီမှာစောင့်နေတာ သိရဲ့လား"

"nonnaက ကျွန်တော့်ကိုစိတ်ပူတာလား ကျေးဇူးဗျာ
ဒီလိုဘဲအကြောင်းလေးတွေရှိလို့"

"အဲ့တာတွေနောက်မှပြော တစ်ကိုယ်လုံးလည်းစိုရွဲနေ
တာဘဲ အိမ်ထဲအရင်ဝင်"

Sugar Baby[Completed]Where stories live. Discover now