Pg-15

3.1K 283 24
                                    

{Unicode}

"nonnaပြောပါအုန်း ဘယ်သူနဲ့ရတာလဲ"

"ကျောင်းကစီနီယာတစ်ယောက်ဘဲ"

"အခုကလေးရှိလာတာ သူ့ကိုပြောမှဖြစ်မှာပေါ့ သူတာဝန်ယူရမယ်လေ"

"ပြောပြီးပြီ မယူနိုင်ဘူးတဲ့ nonnaဖျက်ချဖို့လုပ်ပေမဲ့
အပြစ်မရှိတဲ့ကလေးကိုတော့မသတ်သင့်ဘူးမလား"

အားကိုးတကြီးနဲ့Tae Hyungလက်မောင်းကိုကိုင်ပြီးမေးလာတာကြောင့်

"nonnaဆုံးဖြတ်ပါ ရင်ဆိုင်နိုင်လားsingle motherဘဝကို"

"မွေးမယ် ကျောင်းကတော့နားလိုက်တော့မယ်"

"အင်းပါ သဘောလေ အိမ်မှာသက်တောင့်သက်သာနေပါ ကလေးမွေးပြီးရင်တော့မိဘတွေဆီမျက်နှာသွားပြပေါ့ဘယ်မိဘမှ ကိုယ့်သားသမီးကို လျစ်လျူမရှုနိုင်ပါဘူး"

စိတ်နှလုံးဖြူစင်တဲ့Tae Hyungကြောင့်Yoonjiအကူအညီအများကြီးရခဲ့ပါတယ်

ရုန်းထွက်နိုင်ခဲ့တာတော့မဟုတ်ပေမဲ့ ဘဝကြီးကိုရှေ့ဆက်လျှောက်ရမယ်မလား ပုံမှန်အတိုင်းကျောင်းသွားတက်တယ်တိုက်ဆိုင်တာလေးတွေရှိရင်လွမ်းမိတယ် သူ့ရဲ့အငွေ့အသက်လေးတွေကိုလွမ်းမိတယ် တစ်ခါတစ်လေတော့လည်းမငိုနဲ့လို့ ကိုယ့်ဘာသာအားတင်းထားပေမဲ့ ငိုမိပြန်တယ်

၈လတောင်ကျော်ဖြတ်ပြီးပြီ nonnaကိုယ်ဝန်ကလည်းမွေးဖွားခါနီးမို့ ဂရုစိုက်ပေးရသေးသည် အိမ်ကမိသားစုကလည်းလာမတွေ့ ချစ်သူကလည်း ကိုယ့်လုပ်ရက်ကိုတာဝန်မယူဘဲပြစ်သွားခံခဲ့ရတဲ့nonnaကသနားဖို့တော့ကောင်းတယ်

__________________________________________

Tae Hyungရဲ့လှုပ်ရှားမှုတိုင်းကJeonဆီအမြဲပြန်ရောက်ပါတယ် ၈လကျော်ကြာပြီ Tae Hyungဆိုတဲ့အစ်ကို့ရဲ့နွံထဲကနေရုန်းမထွက်နိုင်သေးဘူး Yoonjiဆိုတဲ့တစ်ယောက်နဲ့အတူတွဲမြင်ရတိုင်း ဒေါသထွက်ရတယ်

Yoonjiကအခုကိုယ်ဝန်တောင်ရှိနေပြီတဲ့ ကျွန်တော်ဆုတောင်းတယ် ညတိုင်းဆုတောင်းတယ် ကလေးအဖေက အစ်ကိုမဟုတ်ပါစေနဲ့လို့ပေါ့  ညတိုင်းလွမ်းလို့ငိုရတာ ရူးမတက်ဘဲအတွေးတွေကလည်းခြောက်လှန့်လိုက်တာ

Sugar Baby[Completed]Where stories live. Discover now