Part-1🍂

7.1K 387 51
                                    

Unicode Ver:

"ထယ်ထယ် မပြေးစမ်းနဲ့ ဧည့်ညည်တွေရောက်တော့မယ်"

"ထယ်ယောင်း"ဆိုသည့် ကလေးလေး လုံးလုံး လုံးလုံး နှင့် ခြံထဲတွင် ပြေးဆော့နေသည်။
အသက်ငါးနှစ်သာ ရှိသေးသော်လည်း ညဏ်အလွန်ကောင်းပြီးချစ်စဖွယ်စကားများကိုဆိုတတ်သူ။အဖေဖြစ်သူက Company owner။အမေဖြစ်သူကတော့ အိမ်ရှင်မကောင်းတစ်ယောက်။အိမ်မှုရေးရာဆိုလှည့်ကြည့်စရာပင်မလိုလောက်အောင် စေ့စပ်သေချာသူ။ ဒီနေ့တော့ အိမ်ကို ထယ်ယောင်းအဖေရဲ့ သူငယ်ချင်းမိသားစု အလည်လာမှာမို့ ပြင်ဆင်နေကြခြင်း။သူငယ်ချင်းဆိုပေမဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်ဖြစ်လို့ စည်းဆိုတာလေးတော့ရှိသည်လေ။

"သားရေ ထယ်ထယ်..."

"ဟုတ်ဖေဖေ"

"ဒီနေ့ဖေဖေ့သူငယ်ချင်းတွေလာမှာသိတယ်မလား ဖေဖေ့ကိုမျက်နှာပျက်အောင်မလုပ်နဲ့နော် သားထက်ငါးနှစ်ကြီးတဲ့ ကိုကိုတစ်ယောက်ပါလာလိမ့်မယ် ကို့ကို့ကို အနိုင်မကျင့်ရဘူးနော်"

"ဟုတ်ကဲ့ပါဖေဖေ"

"အေးအေး သားမေမေခေါ်နေတယ် သွားလိုက်အုံး"

ထယ်‌ေယာင်းလည်းသူ့အမေရှိရာဆီ ထွက်လာလိုက်သည်။

"မေမေ မေမေ သားရောက်ပြီ"

"မေ့သားလေး လာပါအုံးကွယ် ဧည့်သည်တွေလာရင် မေမေကပြင်ဆင်စရာတွေရှိတာ ပြင်ရမှာမို့ သားလေးမေမေ့နားကို ကပ်မနေရဘူးနော် လာတဲ့သူတွေနဲ့လည်းအဆင်ပြေအောင် နေရမယ်ကြားလား"

"ဟုတ်"

"လိမ်မာတယ် သွားဆော့တော့ ချော်မလဲအောင် သတိထားနော်"

A hour later,,,

"ဟော ဘော်ဒါတို့တောင် ရောက်လာပြီပဲ ဒါမင်းရဲ့သားလေးလား ခန့်ချောလေးပဲကွ"

"ဘယ်လိုလဲ မင်းသဘောကျတယ်မလား ဒါဆိုရပြီ"

"ဟေ အေးသဘောကျပါတယ်ကွာ ငါကလေးချစ်ပါတယ်ကွ လာလာ ဝင်ကြ မင်းအမျိုးသမီးပါခေါ်ခဲ့နော်"

ဧည့်ခန်းထဲရောက်တော့...

"မိန်းမရေ သောက်စရာလေးပြင်ခဲ့ပါကွာ"

𝘚.𝘰.𝘧.𝘵(Completed)Where stories live. Discover now