Part-5🍂

1.8K 182 8
                                    

Unicode Ver:

Twelve years later,,,,

Jeon Jungkook အသက် ၂၂ နှစ်မှာ ကိုရီးယားကိုပြန်လည်ခြေချခဲ့ပြီ။အခုသူက စိတ်ရောဂါကုဆရာဝန်တစ်ယောက်။

ထယ်လေးကိုအနွေးထွေးဆုံးလုံခြုံမှုပေးနိုင်ဖို့ ဒီအလုပ်ကိုရွေးချယ်ခဲ့ခြင်း။ဖေဖေ့ဆီက သတင်းကြားရသလောက် ထယ်ပေါက်ကအရင်လိုပြုံးပြုံးလေးနဲ့မချွဲတော့ဘူးတဲ့။အရမ်းအေးစက်လာပြီး စကားတောင်မပြောတော့ဘူးတဲ့။သူ့အဖေကလည်းနှိပ်စက်မြဲနှိပ်စက်ဆဲ။လူတွေကိုလည်းကြောက်တတ်လာပြီးလူတွေအများကြီးရှေ့ဆို အသက်ရှူကြပ်ပြီးမေ့လဲချင်လောက်တဲ့အထိ။မြင်မြင်သမျှ အရာရာကိုကြောက်တတ်လာပြီတဲ့လေ။

Jk အဖေစုံစမ်းပေးသလောက်တော့ သူ့မှာ အရမ်းခင်တဲ့သူငယ်ချင်းတစ်ယောက်ရှိတယ်။Park Jiminဆိုပဲ။ငယ်ငယ်လေးထဲကပေါင်းလာခဲ့တာ ထယ်ပေါက်ကိုနားလည်အပေးဆုံးသူတဲ့။ထယ်ပေါက်ကလည်းသူနဲ့ဆို အမြဲပြုံးရွှင်နေပြီးသူ့ပုံစံအစစ်ကိုပြလေ့ရှိတယ်တဲ့။

Jk တစ်ယောက်လေဆိပ်အဝမှာ ရပ်ပြီးစဉ်းစားနေတုန်း Jinက...

Jin-ဟျောင့် ဘာတွေတွေးနေတာလဲ။အပျော်လွန်ပြီးတက်သွားတာလား။

ဟုတ်တယ်။သူ့နာမည်က Kim Seokjin တဲ့။အများစုကတော့ lawyer Jin လို့သိကြတယ်။ရှေ့နေတစ်ယောက်‌ေပါ့။jk နဲ့ US မှာတွေ့ခဲ့ပြီး အတူတူပြန်လာကြခြင်း။Jin ကငယ်ငယ်ထဲကမိဘတွေမရှိတော့တာမို့ မိဘတွေပေးထားတဲ့အမွေနဲ့ပညာတော်သင်သွားခဲ့တာ။အခုတော့ Jkနဲ့တူတူကပ်နေမယ်တဲ့လေ။အသက်ကတော့ ငါးနှစ်လောက်ပိုကြီးတယ်။

Jk-Jin hyung ရာ။လန့်သွားတာပဲ။အတွေးလွန်သွားတာပါဗျာ။

Jin-ငါသိပါတယ်။မင်းရဲ့အူကြူးပေါက်လေးကိုတွေ့ချင်နေပြီမလား။

Jk-ဟာ Hyung အူကြူးပေါက်က ကျွန်တော်ခေါ်ဖို့ဗျ လိုက်မခေါ်နဲ့ မကြိုက်ဘူး။ဒါနဲ့သူတို့က အိမ်ပြောင်းသွားပြီတဲ့။ဘယ်ကဘယ်လိုလိုက်ရှာရမှန်းတောင် မသိတော့ဘူးဗျာ။

Jin-ခနတော့နားပါအုံးကွာ။အပြီးပြန်လာတာပဲ။‌ခေါင်းအေးအေးထားပြီးစဉ်းစားကြည့်ပေါ့။

𝘚.𝘰.𝘧.𝘵(Completed)Opowieści tętniące życiem. Odkryj je teraz