Part-28🍂

1.1K 112 18
                                    

Unicode Ver:

ထယ်ယောင်းလည်းစားပြီးသွားတာနဲ့...

Tae-ဖေကြီး ဖေကြီး သားပြီးပြီ။သားကိုပြောပြတော့နော်။

Namjoon-အမလေး သားတော်မောင်ရယ်။ဖေကြီးပန်းကန်တွေအရင်ဆေးမယ်နော်။

Tae-ဟုတ် အာ့‌ဆို သား လိုင်းသုံးရင်းစောင့်နေမယ်နော်။

Namjoon-ဟုတ်ပါပြီ။

Namjoon လည်း သားလေးထသွားတာနဲ့ပန်းကန်တွေသိမ်းကာ ဆေးစရာရှိတာတွေကိုဆေးလိုက်သည်။ခေါက်ဆွဲပြုတ်စား‌ထားတာကြောင့် ဗိုက်က မခံနိုင်တော့။နာလွန်းသဖြင့် စီးကျလာတဲ့မျက်ရည်၊ထောင်လာတဲ့အကြောတွေ၊ချွေးစေးတွေဖြင့် နေလို့ထိုင်လို့မရတော့။အောင့်တာမှ မျက်စိများလည်းပြာကာ အရာအားလုံးဝေးဝါးကုန်သည်အထိ။လဲကျတော့မည့်ကိုယ်ကို လက်ကဘေစင်အစွန်းကိုကိုင်၍ထိန်းထားရသည်။ဘာလို့ဆို သားလေးကအရှေ့မှာရှိတယ်မလား။

ဘောင်းဘီအိတ်ကပ်ထဲမှ ဆေးဘူးလေးအား အမြန်ထုတ်ကာ အဖုံးကိုဖွင့်လိုက်သည်။ထိုထဲကဆေးလုံးလေးတစ်လုံးအား ကြိတ်မှိတ်မြိုချလိုက်ပြီး ခနလောက်ငြိမ်ငြိမ်လေးမျက်စိမှိတ်လျက် ရပ်နေလိုက်သည်။

At Tae's side,,,

ထယ်ယောင်းတစ်ယောက် ဒီနေ့လိုင်းသုံးရတာ ခါတိုင်းနေ့များနှင့်မတူကြည်လင်နေသည်။ခုနက ဖေကြီးလုပ်ပေးထားတဲ့ခေါက်ဆွဲပြုတ်လေးကိုတောင် ဖေကြီးမသိအောင်ဓာတ်ပုံရိုက်ထားသေးတာ။

ထိုပုံလေးအားတင်လိုက်ပြီး ဖေကြီးလက်ရာ ဆိုတဲ့စာသားလေးနဲ့။တင်လိုက်တာနဲ့ကို Like တွေ comment တွေ ပလူပျံအောင် တက်လာကြသည်။ထယ်ယောင်းတစ်ယောက် စာပြန်ရမှာ ကြောက်နေမိသည်။ဒါနဲ့ အဲ့ဒီထဲကမှ Jimin ရဲ့ commentဖြစ်တဲ့ ထယ်လေးပျော်နေတာပဲ ဆိုတာလေးကိုသာ love react လေး‌ေပးကာ  ဒါပေါ့ ဆိုတဲ့ reply လေးပြန်လိုက်သည်။ထို့နောက် သူ့ရဲ့အောက်မှာ မဟုတ်မှ ဒါကိုကိုမလား။

သူသိပ်ချစ်ရတဲ့ တစ်နည်းအားဖြင့် သိပ်ကြောက်ရတဲ့ ကိုကိုက ပိစိတော့ ဗိုက်ကားပြီ ဆိုတဲ့ comment လေးကိုမန့်ထားခြင်း။react လေးပေးကာ အင်း ဆိုတဲ့ အာပီ။

𝘚.𝘰.𝘧.𝘵(Completed)Where stories live. Discover now