Part-11🍂

1.4K 141 16
                                    

Unicode Ver:

Tae-ဟင် ဘယ်လို။မင်းကိုလာရှာတယ်။

Jimin-ဟုတ်တယ်။ဂျီဂျီတောင် ထယ်လေးအရေးကြီးနေတာနဲ့နောက်မှတွေ့မဲ့နေရာပြောမယ်လို့ပြောလိုက်တာ။

Tae-ဟင့်အင်း ဟင့်အင်း။ငါမတွေ့ဘူး။အား....

Jimin-ထယ် ထယ်လေး သတိထားအုံးလေ။ထယ့်ကိုကိုလေ။ထယ်တစ်ချိန်လုံးစောင့်နေခဲ့ရတာ မလား။

Tae-အား....ငါကြောက်တယ်။မတွေ့ဘူး။ကြောက်တယ်။သူလည်းမုန်းမှာ။ငါ့ကိုမြင်ရင် ငါ့ပုံစံအစစ်ကိုမြင်ရင်မုန်းမှာ။အား...မပက်သက်ဘူး။မတွေ့ဘူးနော်။လုံးဝပဲ။အား...

ထယ်ယောင်းတစ်ယောက် တစ်ဆတ်ဆတ် တုန်ကာ အော်နေသောကြောင့် Jimin လည်း ထယ်ယောင်းအား ဖက်ထားလိုက်ပြီး...

Jimin-ရှူး။စိတ်ကိုလျှော့။စိတ်အေးအေးထား။ထယ်လေးမတွေ့ချင်ရင် ကိုယ်အတင်းမခေါ်ဘူး။ရှူး။အသက်ကိုပုံမှန်ရှူ။ရှူး။

ထယ်ယောင်းကျောလေးကိုပုတ်ကာ အတန်ကြာ နှစ်သိမ့်ပေးပြီးငြိမ်သွားပြီ ဆိုတော့မှ...

Jimin-ထယ်လေး အဆင်ပြေသွားပြီလား။

Tae-အင်း။

Jimin-ဂျီဂျီပြောတာကိုသေချာစဉ်းစားကြည့်ပါလား။တကယ်လို့တွေ့ကြရင် ထယ်လေးကြောက်တယ်ဆို ကိုယ်လည်းလိုက်ခဲ့ပေးမယ်လေ။ထယ်လေးချစ်နေရတဲ့သူပဲမလား။ထယ်လေးကိုကိုကလည်းထယ်လေးကိုချစ်နေတာ။ထယ်လေးကိုချစ်တဲ့သူကိုစိတ်ဆင်းရဲအောင် လုပ်ချင်တာလား။ဟင် ကလေးလေး။

Tae-ဟင့် မလုပ်ချင်ဘူး။ဒါ..ဒါပေမဲ့ ကြောက်တယ်။ဟင့်

Jimin-စကားမပြောချင်ရင် မပြောလည်းရတယ်။ဒီတိုင်းလေးမျက်နှာလေးဖြစ်ဖြစ်ပြလိုက်ပါလား။ဟင်။

Tae-ဟင့်အင်း။ငါကြောက်တယ်။

Jimin-ထယ်လေးရာ။ဟုတ်ပါပြီ။မတွေ့ချင်လည်းကိုယ်အတင်း‌မပြောပါဘူး။ကဲပါ မေ့ထားလိုက်တော့။ဘာစားပြီးပြီလဲ အခု။

Tae-တကယ်တော့ ငါ့ကိုဖေဖေ ထမင်းမကျွေးတာ သုံးရက်ရှိပြီ။

Jimin-ဘာ။ဘယ်လို။လူတစ်ယောက်ကို သုံးရက်လောက် အစာအငတ်ခံခိုင်းထားတယ်ပေါ့လေ။

𝘚.𝘰.𝘧.𝘵(Completed)Where stories live. Discover now