Part-15🍂

1.3K 124 17
                                    

Unicode Ver:

Next morning,,,

ထယ်ယောင်းတစ်ယောက် ဆေးအရှိန်နဲ့ခေါင်းတွေထိုးကိုက်ကာ နိုးလာခဲ့သည်။သူ့လက်ကနွေးနွေးလေးဖြစ်နေတာ သတိထားမိတာနဲ့ အောက်ကိုငုံ့ကြည့်လိုက်တော့ Jiminကသူ့ပါးလေးနဲ့ ထယ်ယောင်းလက်လေးကို အပ်ကာ အိပ်နေခြင်း။

ထယ်ယောင်းတစ်ယောက် စိတ်ထဲကနေ

*ဂျီဂျီ မင်းလည်းငါ့ကြောင့်ပင်ပန်းနေရပြီပဲ။ငါကစိတ်ပျက်ဖို့ကောင်းတယ်မလား။ပက်သက်သမျှလူတွေ အကုန်လုံးကို ပင်ပန်းစရာတွေပဲပေးနေမိလို့။ငါကဘာလို့ဒီလိုဖြစ်နေရတာလဲဟင်။ငါလေ မင်းစိတ်မကောင်းဖြစ်မှာစိုးလို့ထုတ်မပြောတာသိလား။ငါလေ တခြားလူတွေလို ပုံမှန်နေချင်တယ်။စိုးရိမ်မှုပူပန်မှုတွေ မရှိတဲ့ဘဝမျိုးကိုလိုချင်တယ်။ငါလိုချင်သလောက် အချစ်ခံရပြီး ရရှိလာတဲ့ အချစ်အပေါ် ရဲရဲကြီး ယုံကြည်ချင်တယ်သိလား။ငါကအဲ့လို မဖြစ်နိုင်တော့ဘူးထင်တယ်နော်။ဘာလို့ဆို ငါကမထိုက်တန်လို့တဲ့လေ။*

ပြောရင်းနဲ့ မျက်ရည်လေးကကျဆင်းလာတော့ အိပ်နေတဲ့ Jiminရဲ့ လက်ပေါ်ရောက်ပြီး ....

Jimin-ထယ်လေး ထယ်လေးနိုးပြီလား။ဟင် ငိုနေတာလား ထယ်လေး။ဘာများဖြစ်လို့လဲကွယ်။လာ ကိုယ့်ကိုပြော။ညကရော ဘာတွေဖြစ်ခဲ့တာလဲ။

Tae-ငါနဲ့အဖေရဲ့ထုံးစံအတိုင်းပေါ့။ငါပြန်လာတော့ သက်သာလားတစ်ခွန်းမမေးတဲ့အပြင် ငါ့ကိုသူစားဖို့အတွက် တစ်ခုခုလုပ်ပေးခိုင်းတယ်။ငါလည်းဘာမှ မပြောပါဘူးကွာ။အိမ်မှာရှိတဲ့ကြက်သားလေးနဲ့သူကြိုက်တဲ့ကြက်ခြောက်စပ်လေးလုပ်ပေးတာ။အဲ့ဒါကိုငါ့ကိုပြောတာ ငါ့အမေနေရာဝင်ချင်တာလား အလှလေးတဲ့။မင်းကရွံစရာပဲ ဆိုပြီးပါးရိုက်တယ်။အန်ချင်တယ်လို့လည်းပြောတယ်။တံတွေးနဲ့လည်းထွေးတယ်။အီးဟီး။

Jimin-ဘာ။ဒီပြသနာ ရှင်းမှ ရတော့မယ်။ငါအခုပဲသွားမယ်။

Jiminလည်း ရုန်းကာထတော့ ခြေထောက်လေးကိုလှမ်းဆွဲကာ ဖက်ထားပါတဲ့ ထယ်ယောင်းငယ်။

Tae-အီးဟီး။မသွားပါနဲ့ ဂျီဂျီရယ်။မလုပ်ပါနဲ့။ငါချစ်လို့သည်းခံနေတာ။ငါ့အဖေမို့လို့ ငါချစ်နေရင် ဖြစ်တယ်မလား။ဟင် ပြောပါအုံး။တစ်နေ့တော့ ငါ့ဖြူစင်မှုတွေ အဖေမြင်မှာပါ။မလုပ်ပါနဲ့နော်။

𝘚.𝘰.𝘧.𝘵(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ