Part-23🍂

1.2K 112 30
                                    

Unicode Ver:

Jimin တို့နှစ်ယောက် Jk တို့ အိမ်အဝရောက်တော့ တံခါးရှေ့မှာ တပ်ထားတဲ့ ဘဲလ်ကို နှိပ်လိုက်သည်။ မကြာမီ တံခါးဖွင့်သံနှင့်အတူ လာဖွင့်သူက Jin.

Jin-ဟို ထယ်လေးရဲ့ အဖေနဲ့ သူငယ်ချင်း ဆိုတာလား။

Jimin-ဟုတ်တယ်။ခင်ဗျားက ဘယ်သူလဲ။

Jin-အထဲရောက်ရင် ပြောပြပါလိမ့်မယ်။ကြွပါ။

Namjoon မှာတော့ ကြောင်နေတုန်း။တံခါးလာဖွင့်တဲ့ လက်ကလေးကို မြင်လိုက်တည်းက ရင်ထဲပြာခတ်သွားရသည်။ဖြူဥနေသော အသားအရေနဲ့ လုံးဝကို ပြည့်စုံသော လူသား။ယောက်ကျားလေးတစ်ယောက်လို့တောင် မယုံနိုင်‌ေလာက်အောင်လှတာကြောင့် မျက်လုံးကို အခါခါပွတ်မိသည်။လှတယ်ဆိုတာက ယောက်ကျားလေးနဲ့ မအပ်စပ်ပေမဲ့ သူကတော့ ခြွင်းချက်။Namjoon တစ်ယောက် စိတ်ထဲမှာ တွေးနေမိသည်က။

Namjoon-ဘုရားတရလောက်အောင် လှရက်လွန်းတာပါလား။ဒီတစ်သက် မီရာကလွဲရင် ငါရင်မခုန်နိုင်တော့ဘူးထင်ခဲ့တာ။မင်းနဲ့ကျမှ ဒါတွေဟာ ချိုးဖျက်ခံခဲ့ရပြီ။ကိုယ့်ရဲ့ angel လေး။ဒါပေမဲ့ ကိုယ်မင်းကိုမြင်နေရရုံနဲ့တင် ကျေနပ်ပါတယ်။ဘာလို့ဆို ကိုယ်ကဒီလောကမှာ အချိန်ဘယ်လောက်မှ မရှိတော့တာမို့ မင်းကို မဆွဲထားဘူး။

ထိုအချိန်တွင် Jimin မှ

Jimin-ဦးလေး ဝင်လေ။

Namjoon-ဟမ် အေးအေး။

Yoongi-ဟာ ငါ့သူငယ်ချင်းကြီးလာပြီ။

Namjoon လည်း ခေါင်းကိုငုံ့ လက်ကိုကိုင်ကာ။

Namjoon- gi လေး ငါတောင်းပန်ပါတယ်။ငါမင်းတို့ကို အမုန်းစကားတွေပြောမိခဲ့တယ်။ဒီကြားထဲမှာ နောင်တရနေပေမဲ့ မဟုတ်တဲ့မာနကြောင့် မင်းကို လာမတွေ့နိုင်ခဲ့ဘူး။

Yoongi-စိတ်ထဲမထားနဲ့တော့။အမှားကိုသိလို့ အမှန်ပြင်ဖို့ ဆုံးဖြတ်လိုက်ပြီပဲ။ငါတို့က အရင်လိုသူငယ်ချင်းကောင်းတွေပါပဲ။အော် ဒါနဲ့ ဟိုဘက်က နည်းနည်းထွားတဲ့တစ်ယောက်က ငါ့သား Jk.

Namjoon-ငယ်ငယ်တုန်းကနဲ့ မတူဘဲ အရမ်းကိုပြောင်းလဲသွားတာပဲ။လုံးဝ ကောင်မလေးတွေရဲ့ ideal type ဖြစ်မှာပဲ။

𝘚.𝘰.𝘧.𝘵(Completed)Where stories live. Discover now