Part-8🍂

1.5K 157 26
                                    

Unicode Ver:

ထယ်ယောင်းလည်းဟိုကြည့်ဒီကြည့်လုပ်နေရင်းနဲ့မှ Jeon Jungkook sent you a friend request.ဆိုတဲ့ noti လေးတက်လာခဲ့တယ်။

Tae-Jeon Jungkook!ကိုကို့နာမည်လေးပဲ။ငါသိပ်ချစ်ရတဲ့လူသားလေး။အော် အနားမှာမရှိတာတောင်မှ နာမည်လေးမြင်ရုံနဲ့ အေးချမ်းအောင်ပြုစားရက်သူကြီးရယ်။အခုလို အပ်တာ ကိုကိုဆိုသိပ်ကောင်းမှာပဲနော်။မဖြစ်နိုင်တာကိုစိတ်ကူးယဉ်နေတဲ့သားကို မြင်ယောင်ပါ့မလား။သတိတောင်ရပါ့မလား။

ထယ်ယောင်းလည်း profile ကိုကြည့်လိုက်တော့နောက်ကျောဖက်ကိုသာရိုက်ထားတဲ့ပုံကြီး။စိတ်ထဲကနေ ချေလိုက်တာ မျက်နှာတောင်မပြဘူး လို့တွေးမိသေးသည်။wall ထဲဝင်ကြည့်မိတော့ အို share လိုက်တဲ့ သီချင်းတွေ။သီချင်း‌ေတွအကုန်လုံးကလည်းတစ်ဖက်သတ်အချစ်အကြောင်းချည်း။တစ်ခါတလေ စာတွေshare ပြန်တော့လည်းဆေးဘက်ဆိုင်ရာတွေ။ကြည့်ရတာ ဆရာဝန်ဖြစ်မည်ထင်ပါသည်။

ဟော တွေ့ပါပြီ။ရုပ်ရှင်တွေ။သူကြည့်တဲ့ကားတော်တော်များများက ထယ်ယောင်းကြည့်တာနဲ့ ဆင်တူတယ်ဆိုတာ လားလားမျှမရှိ။အချစ်ကားတွေချည်းပဲ။

Tae-သူကတော်တော်အချစ်ခံရမယ်ထင်တယ်။ဒီလိုမျိုးတွေ နူးနူးညံ့ညံ့လေး။ငါလည်းကြည့်ချင်မိပါရဲ့။ကြည့်မိလို့ ရုပ်ရှင်ထဲက ချစ်ပေးတာတွေ မြင်ရရင် ငါ့ရင်ဘတ်ကြီးအောင့်တယ်။ငါငိုရတယ် အမြဲ။အားကျပြီး မနာလိုရတယ်။ဒါပေမဲ့။သရဲကား။လူသတ်ကားတွေကျတော့ နားကျည်းလို့သတ်တယ်။မျက်ရည်တွေ ငိုကြွေးသံတွေ။သူတို့ဘယ်လောက်ချစ်ချစ် မကယ်နိုင်ကြဘူးလေ။ငါသိပ်‌သဘောကျတာ။ငါနဲ့တူလို့လားမသိဘူး။

ထယ်ယောင်းတစ်ယောက် လျှောက်တွေး လျှောက်ကြည့်ရင်းနဲ့မှ Bioဆီအကြည့်ရောက်သွားတော့ Only🍓 တဲ့။ strawberry လေးနဲ့။ဘာရယ်မဟုတ် ကိုကို့ကိုတောင်သတိရမိသေး။ကိုကိုက သူ strawberryကြိုက်တာ သိသည်လေ။

Tae-Only တဲ့။သူချစ်ရမဲ့သူရှိမဲ့ပုံပဲ။ဘာပဲပြောပြော ယုံလို့မရပါဘူးလေ။သိပ်ချစ်ပါတယ်ဆိုတဲ့ မိရင်းဖရင်းတောင် ပြောင်းလဲသေးတာပဲ။

ထယ်ယောင်းလည်းဘာရယ်မဟုတ် Confirmနှိပ်လိုက်ပြီး ရုပ်ရှင်ကြည့်ရန် Ghost movies page ထဲသွားကာ တစ်ကားကိုကြည့်နေမိသည်။

𝘚.𝘰.𝘧.𝘵(Completed)Where stories live. Discover now