Part-10🍂

1.6K 152 27
                                    

Unicode Ver:

Jimin တစ်ယောက် ထယ်ယောင်းဆီ သွားမလို့လုပ်တုန်း ဝင်လာတဲ့ဖုန်း...

Jimin-ဟာ ဘယ်သူလဲ မသိဘူး။ထယ်လေးက အရေးကြီးနေပါတယ်ဆိုမှ ကျစ်!

Jimin-Hello ဘယ်သူလဲ ဒီမှာ အရေးကြီးတာ‌ရှိလို့ မြန်မြန်ပြော။

Jk-ကျွန်တော့် ထယ့်ရဲ့မူပိုင် ကိုကိုယုန်ပါ။

Jimin-ဗျာ။ထယ့်ဆီကိုဆက်သွယ်ပါလား။ဘာလို့ကျုပ်ဆီဆက်တာတုန်း။

Jk-ထယ်ပေါက် အကြောင်း ဒီကြားထဲမှာ စုံစမ်းထားတာတွေသာ မှန်ရင် သူကျွန်တော့်ကို အနားကပ်ခံမှာ မဟုတ်ဘူး။အဲ့ဒါကြောင့် ကျွန်တော် ညီလေးကို အကူအညီတောင်းချင်လို့ပါ။ညီလေးကသူ့အတွက် တော်တော်အရေးပါတယ်ဆိုတာ သိတယ်မလား။

Jimin-ဟုတ်တော့ဟုတ်ပေမဲ့ သူကအကို့ကိုတောင်သတိရနေတာ။ဘာမှ မဖြစ်လောက်ပါဘူး။တွေ့ကြည့်ပါလား။

Jk-အကိုက စိတ်ရောဂါကုဆရာဝန်တစ်ယောက်ပါ ညီလေးရယ်။ထယ်ပေါက်ကို ရူးနေတယ်လို့ပြောတာမဟုတ်ပေမဲ့ သူ့မှာ လူကြောက်တာရော depression အကြီးစားရော ဖြစ်နေတာ။သူဘယ်လောက်ပဲ ချစ်နေပါစေ။သူ့နားမှာ အချိန်ကြာကြီးသူ့ကိုဂရုစိုက်မပေးခဲ့ရင် သူမယုံလောက်ဘူး။စကားတောင်မပြောရဲဘူး။သူကြောက်မှာ။ညီလေးတောင် သူ့ကိုအနှစ်နှစ်အလလ ဒီလိုဖြစ်လာအောင် ကြိုးစားခဲ့ရတာမလား။ကူညီပါကွာ နော်။

Jimin-ဟုတ်ပါပြီ။ကျွန်တော်ကူညီပါ့မယ်။အခုတော့ ထယ်လေးအိမ်မှာ ပြသနာတက်နေလို့ ကျွန်တော်သွားမှ ဖြစ်မယ်။အားတဲ့ချိန် တွေ့မဲ့နေရာကို ကျွန်တော် messageပို့လိုက်ပါ့မယ်။

Jk-ထယ်လေး ဘာဖြစ်တာလဲကိုတော့ တွေ့မှပဲ မေးပါတော့မယ်။ကျေးဇူးပါဗျာ။ကျွန်တော်စောင့်နေမယ်။

Jimin လည်း ဖုန်းချပြီးတာနဲ့ ထယ်ယောင်းဆီသို့ အပြေးအလွှား...

အိမ်ရှေ့ရောက်တာနဲ့ ဘဲလ်ကို အသေအကြေတီးနေသော ဂျီဂျီရယ်ပါ...

Namjoon-ဘာလို့ ခလုတ်ပျက်အောင် တီးနေတာလဲ ငါအိပ်နေတဲ့ဟာ။

Jimin-တောင်းပန်ပါတယ် ဦးလေး။ထယ်လေးကိုလာရှာတာပါ။

𝘚.𝘰.𝘧.𝘵(Completed)Where stories live. Discover now