Part-30🍂

1.2K 116 14
                                    

Unicode Ver:

Tae-ဖေကြီး မရှိတဲ့အခါ သားကိုစိတ်ချချင်လို့ ဟုတ်လား။

Namjoon-အယ် ဖေကြီးအဲ့လိုပြောလိုက်လို့လား။မပြောမိပါဘူးနော်။သားလေးနားကြားလွဲတာနေမှာပါ။

Namjoon's pov:;

အမှန်တိုင်းမပြောနိုင်တာ ခွင့်လွှတ်ပါ သားရယ်။သားလိုပဲ အဆင်သင့်ဖြစ်တဲ့အခါကျ ပြောပြပါ့မယ်။မပြောပြခင် ဖေကြီး ကွယ်ပျောက်မသွားဖို့ဘဲ ဆုတောင်းရမှာပဲ။

Tae-အင်းပါ။ထားပါတော့။ဒါဆို သားလည်းဖေကြီးပြောသလို အရင်လိုပြန်ဖြစ်လာနိုင်တယ်ပေါ့နော်။

Namjoon-ဒါပေါ့ သားရယ်။အဓိက က သားလေးရဲ့စိတ်ပါပဲ။

Tae-ဟီးဟီး အော် ဒါနဲ့လေ ဖေကြီးပြုတ်ပေးတဲ့ခေါက်ဆွဲလေးကို ပုံရိုက်ပြီး လိုင်းပေါ်တင်လိုက်တယ်သိလား။များကြီးပဲ လာမန့်ကြတာ။ဒါပေမဲ့ သားသူတို့ကို စာမပြန်ရဲဘူး။အဲ့ထဲက နှစ်ယောက်ကိုပဲရွေးပြီးပြန်လိုက်တယ်။

Namjoon-ပြောပါအုံး။သားရဲ့ reply ကိုရသွားတဲ့ ကံကောင်းသူလေးတွေက ဘယ်သူတုန်း။

Tae-တစ်ယောက်ကတော့ ဂျီဂျီလေ။ထုံးစံအတိုင်းပေါ့။နောက်တစ်ယောက်ကတော့ ကိုကို။

Namjoon-အယ် ကိုကို ဟုတ်လား။ဘယ်လိုပြန်လိုက်တာလဲ။

Tae-အင်း လို့။

Namjoon-ဟားဟား သားရယ် အင်းလို့ဒုံးဒိကြီး ပြောလိုက်ရလားကွယ်။

Tae-ဟာ ဖေကြီးကလည်း သားအဲ့လိုလုပ်ဖို့တောင် အရမ်းကိုအားယူလိုက်ရတာ။စကားလည်းပြောဖြစ်တယ်။သူကမေးနေတော့ သားက အင်းပဲဖြေတာပေါ့။

Namjoon-ဟုတ်ပါပြီ။သားလေးဘယ်လိုခံစားရလဲ။

Tae-ချစ်တာကတော့ ဖေကြီးလည်း သိပြီးသားပဲလေ။အခုကတော့ သားသူနဲ့စကားပြောရတာ အဆင်ပြေတယ်လို့ထင်တယ်။ယုံကြည်ချင်ပေမဲ့မယုံရဲသေးဘူး။သားကိုသည်းခံနိုင်ပါ့မလားဆိုတာသေချာအောင်ကြည့်ပြီးမှပဲယုံသင့်မယုံသင့်ထပ်တွေးရမယ်ထင်တယ်။

Namjoon-အင်းသား။သားလေးသေချာဆုံးဖြတ်ပါ။ဖေကြီးကတော့ သားလေးပျော်မယ်ဆို ရပါပြီ။

𝘚.𝘰.𝘧.𝘵(Completed)Wo Geschichten leben. Entdecke jetzt